ကမ္ဘာပေါ်မှာ မြွေဘုရင်လို့ လူသိများတဲ့ မြွေဟောက်ဟာ အဆိပ်ရှိ မြွေမျိုးစိတ်တွေထဲမှာ အရှည်ဆုံးဖြစ်ပါတယ်။ မြွေဟောက်တွေဟာ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ကြတဲ့ သူတွေဖြစ်ပြီး တိုက်ခိုက်မှု စွမ်းရည်တွေကြောင့် လူသိများပါတယ်။

သူတို့ရဲ့ အဆိပ်ဟာ နူရိုတိုစင် အဆိပ် ပမာဏ ဆယ်ပုံနှစ်ပုံအထိပါရှိတာကြောင့် ဦးနှောက်အတွင်းက အသက်ရှုလမ်းကြောင်းကို ထိခိုက်စေပြီး အသက်ရှုလမ်းကြောင်းပိတ်ခြင်းနှင့် နှလုံးချို့ယွင်းခြင်းတို့ကို ဖြစ်စေပါတယ်။

မြွေဟောက်တွေကို ကမ္ဘာ့နေရာအနှံ့အပြားမှာတွေ့ရပေမယ့် နေထိုင်ကျက်စားတဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ကာ မျိုးစိတ်အလိုက် အရောင်အားဖြင့် ကွဲပြားကြပါတယ်။ ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်အရွယ်အစားဟာ မျိုးစိတ်ပေါ်မူတည်ပြီး အရှည် ၄ ပေ မှ ၁၈ ပေအထိ ရှိနိုင်ကြပါတယ်။ ရန်သူနဲ့ ထိပ်တိုက်တွေ့တဲ့ အခါမျိုးမှာ ကျယ်လောင်စွာ ဟစ်အော်ကြပြီး ပါးပျဥ်းထောင်မတ်ကာ ခုခံမယ့်ပုံစံမျိုးကို ပြသလေ့ရှိပါတယ်။


မြွေလောကရဲ့ ဘုရင်ဘွဲ့ကို ရရှိထားရခြင်းမှာ မြွေဟောက်များဟာ သူတို့ရဲ့ မျိုးနွယ် (သို့) အခြားမြွေမျိုးနွယ်တွေကို စားသောက်ကြလို့ပါ။ ဒါတင်မကသေးပါဘူး...နို့တိုက်သတ္တဝါငယ်များကိုလည်း စားကြပါတယ်။ လက်ရှိမှာတော့ ဒီမြွေဟောက်မျိုးစိတ်တွေဟာ သစ်တောပြုန်းတီးမှုကြောင့် နေထိုင်ရာနေရာများ ပျက်စီးနေသလို လူသားတွေရဲ့ အမဲလိုက်ခြင်းအန္တရာယ်ကိုပါ ရင်ဆိုင်နေရရှားပါတယ်။

သတင်း အရင်းအမြစ်៖ Source - Internet





