(၁) လုံလောက်တဲ့အိပ်စက်ချိန်မရှိတာ။
အိပ်စက်ခြင်းကလူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တာကြောင့် အိပ်ချိန်မလုံလောက်တာ ပုံမမှန်တာမျိုးက ဦးနှောက်ကိုပြင်းပြင်းထန်ထန်ပျက်စီးသွားစေနိုင်ပါတယ်။

(၂) မကောင်းတဲ့အတွေးတွေတွေးလွန်းတာ။
တစ်ခုခုဆိုမကောင်းတဲ့အတွေးတွေအရင်တွေးပြီး အတွေးလွန်နေတတ်တာကလည်း ဦးနှောက်ကိုပျက်စီးစေနိုင်ပါတယ်။ ကိုယ့်ရဲ့အတွေးတွေကိုတတ်နိုင်သလောက်ထိန်းချုပ်ပြီး အဆိုးမြင်တဲ့အတွေးတွေအများကြီးမတွေးမိအောင်ဂရုစိုက်ရပါမယ်။

(၃) အမှောင်ထဲမှာအကြာကြီးနေတာ
လူသားတွေဟာနေရောင်ခြည်ကနေတစ်ဆင့်လက်ခံရရှိတဲ့စွမ်းအားတွေ ဗီတာမင်တွေရှိပါတယ်။ ဒါကြောင့် နေရောင်မရှိတဲ့နေရာမှာအကြာကြီးနေနေတာက ဦးနှောက်ပျက်စီးစေဖို့တွန်းအားပေးနေသလိုဖြစ်နိုင်ပါတယ်။

(၄) နားကြပ်တွေကိုအသံအကျယ်ကြီးဖွင့်ပြီးနားထောင်တာ
ဂီတကလူတွေရဲ့စိတ်ကိုအပန်းပြေစေတယ်ဆိုပေမဲ့ လွန်ကဲတဲ့အသံပမာဏနှင့်အချိန်အကြာကြီးနားကြပ်သုံးစွဲခြင်းကတော့ ပြဿနာတွေပဲဖြစ်စေနိုင်ပါတယ်။ အသံကျယ်ခြင်းက ဦးနှောက်ရဲ့လုပ်ဆောင်ပုံကိုနှောင့်ယှက်ပြီးတော့ ချို့ယွင်းမှုတွေဖြစ်စေပါတယ်။

(၅) အစားစားလွန်းခြင်း
အလွန်အကျွံစားသုံးခြင်းအလေ့အကျင့်ကလည်း ဦးနှောက်ကိုလိုအပ်တဲ့အာဟာရတွေလစ်ဟာစေပြီး မလိုအပ်တဲ့ဓာတ်တွေအများကြီးရစေနိုင်ပါတယ်။ အထူးသဖြင့် အသင့်အစားအစာတွေအစားများတဲ့သူတွေဟာ ဦးနှောက်ကိုပြင်းပြင်းထန်ထန်ဖျက်ဆီးနေကြတဲ့သူတွေပဲဖြစ်ပါတယ်။

(၆) ပုံသေဖြစ်လွန်းခြင်း
နေ့စဥ်ဘဝနှင့်အလုပ်တွေမှာပုံသေဖြစ်လွန်းခြင်းကလည်းပဲ ဦးနှောက်ရဲ့လုပ်ဆောင်ပုံကိုထိခိုက်စေပါတယ်။ တစ်သမတ်တည်းဖြစ်နေတဲ့ အရာတွေဟာဦးနှောက်ရဲ့လှုံ့ဆော်နိုင်စွမ်းကိုလျော့ကျစေတဲ့အရာတွေဖြစ်ပါတယ်။

(၇) တစ်ယောက်တည်းအနေများခြင်း
မိသားစု သူငယ်ချင်းတွေနှင့်မတွေ့ဘဲ တစ်ယောက်ထဲအနေများလွန်းတာကလည်း ဦးနှောက်ကိုတုံ့ပြန်မှုနှင့် လှုံ့ဆော်မှုအလုံအလောက်မရတာဖြစ်စေပြီး သူ့ရဲ့လုပ်ဆောင်မှုကိုလျော့ကျလာစေနိုင်တဲ့အလေ့အကျင့်ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ premierneurology