ကားအစီးရေ (၁) မီလီယံထက် ကာဗွန်ဒိုက်အောက်ဆိုဒ်ပိုထုတ်နိုင်တဲ့ တောဝက်များ..

//s9.kh1.co/27/2740b2ee7ffd7ec43ca69f1d456dfff7fe616f77.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-ဇွန်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ထွန်စက်တွေလို မြေဆီလွှာတွေကို ဖောက်ထွင်းပြီးအစာရှာကြတဲ့ တောဝက်များ..

မကြာသေးခင်ကလေ့လာချက်တွေအရ တောဝက်တွေဟာ ကားအစီးရေ ၁.၁ မီလီယံနဲ့ညီမျှတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်ပေးနိုင်တယ်လို့ တွေ့ရှိထားကြပါတယ်။ ခေတ်မီဆန်းသစ်တဲ့နည်းပညာတွေနဲ့လေ့လာခဲ့ပြီး တောဝက်တွေဟာ တစ်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်မက်ထရစ်တန်ချိန် ၄.၉ သန်းကျော်ထုတ်လွှတ်နိုင်ကြောင်း သိပ္ပံပညာအဖွဲ့တစ်ခုက ထုတ်ပြန်ထားပါတယ်။ 

https://s9.kh1.co/__image/w=650,h=362,q=100/8b/8bcb255f3a38a1c9a8d4775bbf8e247534a42c82.jpg

တောဝက်တွေဟာ မျိုးပွားမှုနှုန်းလျင်မြန်တာကြောင့် နှစ်စဥ်အရေအတွက်တွေများပြားလာပါတယ်။ အရေအတွက်များပြားလာတဲ့အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုတွေလည်း ပိုမိုများလာပါတယ်။ ဒီလိုထုတ်လွှတ်မှုဟာ သူတို့နေထိုင်ရာအနီးတစ်ဝိုက်မှာရှိတဲ့ အခြားတိရိစ္ဆာန်တွေအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပါတယ်။ တောဝက်တွေကို အန္တာတိကတိုက်ကလွဲပြီး ကျန်တဲ့တိုက်ကြီးအားလုံးမှာတွေ့ရပေမယ့် အာရှ၊ ဥရောပနှင့် အာဖရိကတောင်ပိုင်းမှာ အများတွေ့ရတတ်ပါတယ်။ ဒါ့အပြင် တောဝက်တွေဟာ နေရာသစ်တွေမှာလည်း ထိုးဖောက်ဝင်ရောက်ကာ ကျက်စားနေကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/73/730fbcd71ddbd975fffcd7ba958a79eda5c2b5bd.jpg
https://s9.kh1.co/__image/w=520,h=420,q=100/c9/c9cf8e2abaaec55e1d0c4291126daebb06f9243c.jpg

တောဝက်တွေဟာ မြေဆီလွှာကိုဖောက်ထွင်းဝင်ရောက်ကာ အစာရှာတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုထုတ်ပေးပါတယ်။ သူတို့ဟာလယ်ထွန်စက်နဲ့ တူပါတယ်။ မှို၊ အပင်အစိတ်အပိုင်းနှင့် ကျောရိုးမဲ့သတ္တဝါတွေကို ရှာဖွေရာမှာ မြေဆီလွှာကိုဖောက်ထွင်းဖို့အတွက် သူတို့ရဲ့နှာခေါင်းကိုအသုံးပြုကြပါတယ်။ ဒီလိုမြေဆီလွှာတွေကို ဖောက်ထွင်းတဲ့အခါ အပင်အစိတ်အပိုင်းနှင့် မြေဆီလွှာတွေမှာပါဝင်တဲ့ အော်ဂဲနစ်ပစ္စည်းတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/26/2628361b292c7a4ac5a43c1e064685d411b431b2.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T