ဆင်ပစ်မြွေတွေက အမြင်အာရုံချို့ယွင်းကြတယ်ဆိုတာ သိပါသလား....?

//s9.kh1.co/8d/8d213230255c020e8f28a1592073284a3431547e.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-ဇွန်-၂၀၂၃ ၄pm · လွန်ခဲ့သော ၃ နှစ် က

ဆင်ပစ်မြွေတွေက အမြင်အာရုံချို့ယွင်းကြတယ်ဆိုတာ သိပါသလား..

ကျွန်တော်တို့ အနီးပတ်ဝန်းကျင်မှာ မကြာခဏတွေ့ရတဲ့ ခပ်သေးသေး ဆင်ပစ်မြွေလေးတွေကို တွေ့ဖူးကြမှာပါ။ ရှေးတုန်းက လူကြီးသူမတွေကတော့ အဲ့ဒီဆင်ပစ်မြွေကိုက်ခံရရင် ဆင်တွေတောင်တုန်းခနဲလဲသေအောင် အဆိတ်ပြင်းကြတယ်လို့ ပြောကြပါတယ်။ တကယ်တော့ ဒီဆင်ပစ်မြွေတွေဟာ အဆိတ်လုံးဝမရှိတဲ့ သတ္တဝါလေးတွေပါ။ ပိုပြီး သနားစရာကောင်းတာက သူတို့ မျက်လုံးတွေက လုံးဝမမြင်ရပါဘူး။

Photo Credit - From Google
Photo Credit - From Google

ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ မျက်လုံးပေါ်မှာ အကြေးခွံတွေက အထပ်ထပ် အုပ်ထားတာကြောင့် အမြင်အာရုံကို ကောင်းကောင်းမရတာဖြစ်ပါတယ်။ ဒါဆို သူတို့တွေ ဘယ်လို သွားလာကြလဲလို့ မေးကောင်းမေးကြမှာပါ။ သူတို့ရဲ့ မျက်လုံးတွေက အမြင်အာရုံအတွက် လုပ်ဆောင်နိုင်စွမ်းမရှိတာကြောင့် ပတ်ဝန်းကျင်မှာ သွားလာဖို့ဆိုရင် ထိတွေ့မှုနှင့် အနံ့ခံလိုမျိုး အခြားအာရုံခံတွေကို အဓိကအားကိုးကြတာ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဆင်ပစ်မြွေတွေဟာ အများအားဖြင့် အညိုရောင်နဲ့ အနက်ရောင်တို့ရှိကြပြီး တောက်ပြောင်တဲ့ ခန္ဓာကိုယ်ပုံစံကြောင့် သူတို့ကို အလွယ်တကူ ခွဲခြားလို့ရပါတယ်။ အရွယ်ရောက်ပြီး ဆင်ပစ်မြွေတစ်ကောင်ဆိုရင်  အရှည် ၆ လက်မ ကနေ ၁၈ လက်မအထိရှိကြပေမယ့်  အချို့မျိုးစိတ်တွေဆိုရင် ၃ ပေအထိကြီးထွားကြပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

သူတို့က တောတွေ၊ မြက်ခင်းပြင်တွေ၊ သဲကန္တာရတွေအပါအဝင် နေရာမျိုးစုံမှာ နေထိုင်ကျက်စားကြပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတော့ ဒီဆင်ပစ်မြွေတွေကို သစ်ရွက်အောက်တွေ၊ အမှိုက်အောက်တွေအပြင် သစ်လုံးပုပ်နှင့် ကျောက်တုံးတွေအောက်မှာလည်း မကြာခဏတွေ့ရပါတယ်။ အဆိတ်မရှိတဲ့ ဒီမြွေလေးတွေဟာ အဓိကအားဖြင့် ပုရွက်ဆိတ်များနှင့် ခြကောင်များကိုပဲ ကျက်စားကြတာဖြစ်ပါတယ်။ လူတွေကို အန္တရာယ်မပေးတဲ့ သနားစရာမြွေလေးတွေဖြစ်တာကြောင့် သူတို့ကို တွေ့ခဲ့မယ်ဆိုရင် မသတ်ဖို့ သတိပေးပါရစေ။ 

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ် Source - australian

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T