(၁) သပ်ရပ်တဲ့အသွင်အပြင်က ဘယ်သူ့ကိုမဆိုခံစားချက်ကောင်းမွန်စေပါတယ်။ ကိုယ်နှင့်တွေ့မယ့်သူအပေါ်လေးစားရာလည်းရောက်တာကြောင့် ပထမဆုံးတွေ့ဆုံမှုမှာ သပ်သပ်ရပ်ရပ်ဖြစ်နေခြင်းက အများကြီးအရေးကြီးပါတယ်။

(၂) အချိန်လေးစားမှုရှိခြင်းကလည်း First Date အတွက်အရေးကြီးတဲ့အရာဖြစ်ပါတယ်။ စောလွန်းပြီး တစ်ဖက်လူကိုဝန်ထုပ်ဝန်ပိုးဖြစ်စေတာ နောက်ကျနေတာမျိုးတွေက ကိုယ့်အပေါ်မြင်တဲ့အမြင်တွေကိုလုံးဝပြောင်းလဲနိုင်စေတာကြောင့် အချိန်ကိုလေးစားခြင်းကအရေးကြီးပါတယ်။

(၃) ကိုယ့်အကြောင်းကိုမိတ်ဆက်ပေးတာက ပထမဆုံးတွေ့ဆုံမှုအတွက်ဆို လိုအပ်တဲ့အရာဖြစ်ပါတယ်။ ကိုယ့်ရဲ့ နာမည် အသက်စတဲ့အရာတွေကို တစ်ဖက်လူကအတင်းလိုက်မေးနေစရာမလိုအောင်ကြိုတင်ပြီး အသိပေးထားတာက ကောင်းမွန်တဲ့အမြင်ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

(၄) ဖုန်းကိုဆက်တိုက်ကြည့်နေခြင်းကို လုံးဝရှောင်သင့်ပါတယ်။ ဒါဟာ တစ်ဖက်လူကိုမလေးစားရာ အလေးမထားရာကျတဲ့အပြင် ဒီတွေ့ဆုံမှုကိုဂရုမစိုက်ဘူးလို့ဆိုလိုနေတာဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံးတွေ့ဆုံမှုဆိုရင် ဖုန်းကိုအသံပိတ်ထားတာ အချိန်တစ်ခုအထိဖုန်းမကြည့်ဘဲနေတာမျိုးလုပ်သင့်ပါတယ်။

(၅) တစ်ဖက်လူပြောသမျှကိုသေချာနားထောင်ပြီး သင့်တော်တဲ့တုံ့ပြန်မှုတွေလုပ်ပေးရပါမယ်။ စကားများများပြောတာထက် လိုတာပဲပြောပြီး တစ်ဖက်လူပြောတာကိုအာရုံစိုက်နားထောင်ပေးတာဟာ သူ့ကိုအလေးထားကြောင်း သက်သေပြနေတာဖြစ်ပါတယ်။

(၆) ထိုင်တဲ့ပုံစံနှင့်ခန္တာကိုယ်အနေအထားကို ဂရုတစိုက်ရှိပါ။ ခြေချိတ်ထိုင်နေတာ ခါးမရှိသလိုပျော့ခွေပြီးထိုင်နေတာမျိုးက အမြင်မကြည်စရာဖြစ်နိုင်တာကြောင့် ဂရုစိုက်ရမဲ့အပြုအမူတွေဖြစ်ပါတယ်။

(၇) သဘာဝကျတဲ့ ထိတွေ့မှုတွေကို သဘာဝကျကျလုပ်ဆောင်ပါ။ ရီနေရင်း လက်မောင်းကိုကိုင်တာ ခေါင်းပေါ်မှာအမှိုက်တွေတင်နေရင် ရုတ်တရက်ဖယ်ပေးလိုက်တာမျိုး အစရှိတဲ့သဘာဝကျတဲ့ထိတွေ့မှုတွေနှင့် တစ်ဖက်လူကိုကိုယ်စိတ်ဝင်စားနေကြောင်းပြသရပါမယ်။

သတင်း အရင်းအမြစ်៖ www.wikihow.com





