လူတစ်ယောက်ဘဝကိုအောင်မြင်ပြီးအေးအေးချမ်းချမ်းဖြတ်သန်းဖို့ဆို ကအရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိမှပဲ ကိုယ်လုပ်ဆောင်တဲ့အလုပ်တွေကို အောင်မြင်ပြီးမြောက်နိုင်မှာဖြစ်ပါတယ်။ ဒီလို ယုံကြည်မှုရလာအောင် လုပ်ရမယ့်အလေ့အကျင့်လေးတွေကိုဖော်ပြပေးပါမယ်။
အရင်ဆုံးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ဆိုရင် အကောင်းမြင်တတ်တဲ့ဆက်ဆံရေးနှင့်ပတ်ဝန်းကျင်ကိုပိုင်ဆိုင်ဖို့လိုအပ်ပါတယ်။ အကောင်းမြင်စိတ်များတဲ့ပတ်ဝန်းကျင်ဟာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကိုအလွယ်တကူရရှိစေပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ကျန်းမာရေးနှင့် နေထိုင်ပုံကိုဂရုစိုက်ခြင်းကလည်း ယုံကြည်မှုကိုမြှင့်တင်ပေးနိုင်ပါတယ်။
ကိုယ်မလုပ်ဖူးသေးတာနှင့် အသစ်အဆန်းတွေကိုစိန်ခေါ်တာမျိုးကလည်း ကိုယ့်ရဲ့ယုံကြည်မှုကိုတိုးလာစေပါတယ်။ အသစ်အဆန်းတွေလုပ်ကြည့်ပြီး အောင်မြင်မှု ဒါမှမဟုတ် အတွေ့အကြုံအသစ်တွေရတာက ကိုယ့်ရဲ့စိတ်နေသဘောထားကိုပြောင်းလဲပေးတတ်ပါတယ်။ ပြီးတော့ စည်းကမ်းတွေချမှတ်ပြီး လိုက်နာနိုင်အောင်နေခြင်းကလည်း ကိုအမြင့်ဆုံးအထိရောက်စေနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။
လေ့လာမှုတွေအရ တန်ပြန်သက်ရောက်နည်းလို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ်ချီးကျုးပေးတာနှင့် အသိအမှတ်ပြုပေးခြင်းကလည်း ကိုသက်ရောက်မှုရှိပါတယ်။ ကိုယ်လိုချင်တဲ့အချက်တွေကို စာအုပ်တွေမှာချရေးတာ ဒါမှမဟုတ် ကိုယ့်အတွေးထဲကနေ အတည်ပြုတာလိုမျိုးလုပ်ခြင်းဟာ သိသာတဲ့အကျိုးသက်ရောက်မှုတွေရှိပါတယ်။
သတင်း အရင်းအမြစ်៖ www.masterclass.com