နှစ်ယောက်သား ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းနေကြတဲ့ Lee Sang Woo နဲ့ Kim So Yeon တို့ ဇနီးမောင်နှံ

//s9.kh1.co/3a/3a4babb09cb4f0652d1378c5098a502641f5aef7.jpg
အနုပညာရှင်များ

 ၀၇-ဇွန်-၂၀၂၃ ၃pm · လွန်ခဲ့သော တစ်နှစ် က

Lee Sang Woo ဟာ ချစ်ဇနီးလေးနဲ့အတူ ပျော်ရွှင်စွာလည်ပတ်ခဲ့တာကို......

မကြာသေးခင်က တောင်ကိုရီးယားမင်းသားချော Lee Sang Woo ဟာ ဇနီးဖြစ်သူ Kim So Yeon နဲ့ လမ်းလျှောက်ထွက်နေတဲ့ ပုံလေးတွေကို ဝေမျှခဲ့ပါတယ်။Lee Sang Woo က `` လမ်းလျှောက်ရတာ ကောင်းတဲ့နေ့ ´´ ဆိုတဲ့ ခေါင်းစဥ်နဲ့တင်ခဲ့တာဖြစ်ပြီး အလွန်ပျော်ရွှင်နေခဲ့တာကို မြင်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=505,q=100/d8/d8091b85611ed17c9d0ef539ff3ed028416decee.jpg

ချစ်စရာဇနီးမောင်နှံနှစ်ယောက်ဟာ တောတောင်တွေကို နောက်ခံထားပြီး ပျော်ပျော်ရွှင်ရွှင် ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ဇနီးမောင်နှံယောက်လုံးရဲ့ မျက်နှာမှာ အပြုံးပန်းတွေဝေဆာခဲ့ပြီး တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။ပရိသတ်တွေဟာ သူတို့ ဇနီးမောင်နှံနှစ်ယောက်ကိုကြည့်ပြီး ကြည်နူးနေခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=520,h=650,q=100/92/920817bfed5cec83a086c003cbd7b3982119e3d7.jpg

အထူးသဖြင့် Kim So Yeon ရဲ့ အပြုံးတွေကို ပိုသတိထားမိခဲ့ကြပြီး သဘာဝမျက်နှာလေးအတိုင်းတောင် ကြည့်ကောင်းနေခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေက ဇနီးမောင်နှံနှစ်ယောက်က်ို ရုပ်ချင်းဆင်တယ်လို့ပါ ပြောရင်း ချစ်ပေးခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=340,q=100/44/44f2506c48505d96ba6ba48b674414b7895eeb7a.jpg

တောင်ကိုရီးယားရုပ်ရှင်လောကမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Lee Sang Woo နဲ့ Kim So Yeon တို့ဟာ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး သာယာတဲ့မိသားစုဘဝလေးကို တည်ထောင်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။Lee Sang Woo ဟာ ဖေဖော်ဝါရီလက ဒရမ်မာ Red Balloon ´ နဲ့ ပရိသတ်ရှေ့နောက်ဆုံးရောက်ခဲ့ပြီး Kim So Yeon ကတော့ Tale Of The Nile Tailed ´ နဲ့ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာ ရှိနေဆဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/64/64855b98242aecd081bc9c608d7ba98801c48eab.jpg

Source : Kbizoom

Photos : Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T