မိဘတွေရဲ့မရည်ရွယ်တဲ့အပြုအမူတစ်ချို့ဟာ ကလေးတွေအတွက်တစ်သက်စာ ကြီးမားတဲ့စိတ်ဒဏ်ရာလိုမျိုးဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်ရှိတဲ့မိဘတွေဟာ ကလေးအပေါ်ဆက်ဆံပုံနှင့် အပြုအမူတွေကိုအများကြီးဂရုစိုက်ဖို့လိုအပ်ပါတယ်။

မိဘတွေရဲ့ ကောင်းစေချင်လို့ဆိုတဲ့ ရိုက်နှက်ဆိုဆုံးမမှုတွေဟာ အခန့်မသင့်ရင်ကလေးငယ်ကိုမကောင်းတဲ့သက်ရောက်မှုတွေဖြစ်သွားစေနိုင်ပါတယ်။ အရိုက်ခံရတာကို ကောင်းအောင်လုပ်ပေးတဲ့နည်းလမ်းတစ်ခုအဖြစ်မှားယွင်းယူဆသွားနိုင်ပါတယ်။ ကလေးတွေကိုချစ်ခင်ကြောင်း အမူအယာ လုပ်ဆောင်မှုတွေမပြခြင်းကလည်း သူတို့ကိုယ်သူတို့ အချစ်မခံရဘူးလို့ခံစားစေနိုင်ပါတယ်။


ပြီးတော့ ကလေးတွေရှေ့မှာ မိဘတွေရန်ဖြစ်တာ စကားများတာတွေကလည်း ကလေးငယ်ကိုစိတ်မလုံခြုံမှုခံစားရစေပြီး စိတ်ဒဏ်ရာဖြစ်စေနိုင်ပါတယ်။ ကလေးတွေရဲ့ ခံစားချက်နှင့် အပြုအမူတွေကိုအရေးတယူမလုပ်တာကလည်း ကလေးရဲ့စိတ်ထားကိုပြောင်းလဲစေနိုင်ပါတယ်။

ကလေးတွေကို သူတို့ကိုယ်ပိုင်အမြင်နှင့် သူတို့ရဲ့ဖြစ်တည်မှုကို အတင်းပြောင်းလဲပေးတာကလည်း ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး။ ဒီလိုပြောင်းလဲခံလိုက်ရတဲ့ကလေးအများစုဟာ သူတို့ကိုယ်ပိုင်ယုံကြည်ချက်ကို လုံးဝဆုံးရှုံးသွားတတ်ကြပါတယ်။ ဒါကြောင့်မိဘတွေအနေနှင့် စိတ်ရောကိုယ်ပါ ကျန်းမာတဲ့ကလေးတွေကိုပျိုးထောင်နိုင်ဖို့ သေချာဂရုစိုက်သင့်ပါတယ်။

သတင်း အရင်းအမြစ်៖ timesdofindia