မိချောင်းပေါက်တစ်ကောင်လုံးတောင် မျိုချနိုင်တဲ့ အပြာရောင်ဗျိုင်းများ

//s9.kh1.co/77/773dcca6e3972dbe9359b54c3cfddc326cdb662e.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-ဇွန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၁၀ လ က

မိချောင်းပေါက်တစ်ကောင်လုံးတောင် မျိုချနိုင်တဲ့ အပြာရောင်ဗျိုင်းများ

ကမ္ဘာပေါ်မှာ ဗျိုင်းမျိုးစိတ်များစွာရှိတဲ့အနက် လူသိများတဲ့ အကြီးဆုံး မျိုးစိတ်တစ်ခုကတော့ Ardea herodias လို့ ခေါ်တဲ့ အပြာရောင်ဗျိုင်းမျိုးစိတ်ပါ။ အများသောအာဖြင့် အပြာရောင်ဗျိုင်းတွေကို မြောက်အမေရိကရဲ့ အလယ်ပိုင်းဒေသတွေမှာ တွေ့ရပြီး  မြစ်များ၊ အင်းအိုင်များ၊ ကန်များနှင့် ကမ်းရိုးတန်းဒေသများ အပါအဝင် မိုးနည်းတဲ့ နေရာမျိုးစုံမှာ နေထိုင်ကျက်စားကြပါတယ်။ 

Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 

အပြာရောင်ဗျိုင်းတွေ ဘယ်လောက်တောင်ကြီးမားလဲဆိုရင် သူတို့ရဲ့ အတောင်ပံက ၆ ပေမှ ၇ ပေထိရှည်လျှားကြတယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ငါးတွေကိုပဲ ဖမ်းယူစားသောက်ကြပေမယ့် ရံဖန်ရံခါ ကုန်းနေရေနေသတ္တဝါများ၊ တွားသွားသတ္တဝါများ၊ နို့တိုက်သတ္တဝါငယ်များနှင့် အင်းဆက်များကို စားသုံးကြပါတယ်။ အံ့ဩစရာက ကြွက်တွေ ၊ မိချောင်းပေါက်တွေဆိုရင် အကောင်လိုက်တောင် မျိုချနိုင်ပါတယ်။

Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 

အသိုက်များဆောက်လုပ်ရာမှာလည်း အခြားဗျိုင်းမျိုးစိတ်တွေလို မြင့်မားတဲ့ သစ်ပင်ကြီးတွေပေါ်မှာပဲ ဆောက်ကြတာပါ။ အပြာရောင် ဗျိုင်းမတွေကတော့ မျိုးဥချချိန်မှာ ၃ လုံးမှ ၆ လုံးအထိ ဥလေ့ရှိပြီး သားပေါက်သွားတဲ့အခါ မိဘနှစ်ပါးစလုံးက ၂၈ ရက်မှ ၂၉ ရက်ခန့်ကြာ အလှည့်ကျ စောင့်ရှောက်ကြပါတယ်။ လက်ရှိမှာတော့ အပြာရောင် ဗျိုင်းတွေဟာ မျိုးသုဉ်းမယ့်အန္တရာယ် မရှိသေးပေမယ့် သစ်တော့ ဖြုန်းတီးမှုနှင့် လေထုညစ်ညမ်းမှုတွေကြောင့် အသိုက်များပျက်စီးမှုများတော့ ကြုံတွေ့နေရပါတယ်။ 

Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 

သတင်း အရင်းအမြစ်Source - Internet

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T