ယောကျ်ားလေးအများစုက ဆိုရှယ်မီဒီယာနှင့် ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့အချစ်ရေးကိုတကူးတကဖော်ထုတ်ပြောဆိုတာမျိုးလုပ်လေ့မရှိပါဘူး။ ဒါပေမဲ့ အတင်းအကြပ်ဖုံးကွယ်ထားဖို့ကြိုးစားတာမျိုးလည်းလုပ်လေ့မရှိပါဘူး။ တစ်ကယ်လို့ ယောကျ်ားလေးတစ်ယောက်က သူ့ရဲ့အချစ်ရေးကိုဖုံးကွယ်ဖို့ကြိုးစားနေပြီဆိုရင် အဓိကအကြောင်းရင်း (၃)ခုပဲရှိပါတယ်။

(၁) ခံစားချက်တွေမသေချာသေးတာ။
သူကိုယ်တိုင်ဖြစ်စေ တစ်ဖက်ပါတနာရဲ့ခံစားချက်ကိုဖြစ်စေ သေချာမသိသေးဘူးလို့ခံစားရတယ်ဆိုရင် ဆက်ဆံရေးကိုဖုံးကွယ်ဖို့ကြိုးစားကြလေ့ရှိပါတယ်။ ဒါက နောက်ဆက်တွဲဖြစ်လာမယ့်ပြဿနာနှင့် ခံစားချက်တွေကို ရင်မဆိုင်ချင်တာကြောင့်လည်းဖြစ်ပါတယ်။ ပြီးတော့ လူတွေမေးလာမယ့်မေးခွန်းတွေအတွက် အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာလည်း သူတို့ဆက်ဆံရေးကိုလူမသိအောင်ထားချင်ကြတာဖြစ်ပါတယ်။

(၂) သူ့ကိုယ်ပိုင်ပြဿနာတွေကြောင့်။
သူ့အနေနှင့် ပတ်ဝန်းကျင်ကသူ့ပါတနာကိုလက်မခံမှာ ငြင်းပယ်ကြမှာမျိုးကိုကြိုတွေးပြီးစိုးရိမ်နေတာမျိုးဖြစ်ပါတယ်။ ဒါမှမဟုတ် တစ်ဖက်လူကနေသူ့ပတ်ဝန်းကျင်နှင့်အသိုင်းအဝန်းကို ဝင်ဆံ့ဖို့မဖြစ်နိုင်ဘူးလို့ထင်တဲ့အခါမျိုးမှာ ဆက်ဆံရေးကိုဖုံးကွယ်လိုက်တာက ဖြေရှင်းချက်တစ်ခုအဖြစ်ယူဆကြတာဖြစ်ပါတယ်။

(၃) လှည့်စားချင်တာ။
သူ့အနေနှင့် ချစ်သူလိုမျိုးဆက်ဆံရေးကိုလိုချင်ပေမယ့် တာဝန်ယူရမယ့်ဖြစ်ရပ်တွေနှင့် လုပ်ရပ်တွေကိုလွှဲရှောင်ချင်တဲ့အခါမှာလည်းလုပ်လေ့ရှိပါတယ်။ ဒီလိုဖုံးကွယ်လိုက်ခြင်းက တစ်နည်းအားဖြင့် တစ်ဖက်ပါတနာကိုအပျော်သဘောတွဲချင်တာ ဒါမှမဟုတ် ဒီပါတနာနှင့်အတူခြေချမယ့်စိတ်ကူးမရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သတင်း အရင်းအမြစ်៖ www.relationshipexperts.com