ကမ္ဘာ့လူဦး‌ရေအနည်းဆုံးနှင့် အသေးငယ်ဆုံးနိုင်ငံများ...

//s9.kh1.co/be/be5a3dccd3a54f0418058c2d011e232010be1d7d.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-ဇွန်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ဘယ်လိုနိုင်ငံတွေဖြစ်မယ်ထင်လဲ..

ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၅ ရှိပြီး လူဦးရေနှင့်အရွယ်အစားမတူညီတဲ့အပြင် သမိုင်းဖြစ်တည်မှုအရလည်း မတူညီကြပါဘူး။ ဒီလိုနိုင်ငံတွေထဲကမှ လူဦးရေအနည်းဆုံးနှင့် အသေးငယ်ဆုံးနိုင်ငံ (၃) ခုကို ဖော်ပြပေးသွားပါမယ်။

https://s9.kh1.co/__image/w=650,h=277,q=100/de/dea33add5867b66de1ffe37145ff9fa0c40069ca.jpg

(၁) ဗာတီကန်မြို့တော်
ဗာတီကန်မြို့တော်ဟာ ပုပ်ရဟန်းမင်းကြီးနှင့် သူ့ရဲ့အခြွေအရံတွေအများအပြားနေထိုင်တဲ့ မြို့တော်အဖြစ် နာမည်ကြီးပါတယ်။ ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရ လူဦးရေ ၅၁၇ ကြားရှိပြီး ၀.၄၄ ကီလိုမီတာခန့်သာကျယ်ဝန်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဗာတီကန်စီးတီးကို ၁၉၂၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး လူဦးရေနှင့်မြေဧရိယာအရ ကမ္ဘာပေါ်မှာအသေးဆုံးနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဗာတီကန်မြို့တော်ဟာ အီတလီနိုင်ငံအတွင်းမှာရှိတဲ့ သီးခြားလွတ်လပ်တဲ့နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=433,q=100/65/65f96a745d4090b848278756dc2d6ecc30ec1f9e.jpg

(၂) တူဗာလူကျွန်းစုနိုင်ငံ
ကျွန်းစုနိုင်ငံဆိုတဲ့အတိုင်းပဲ သန္တာကျောက်တန်းပေါကြွယ်ဝတဲ့ တောင်ပစိဖိတ်သမုဒ္ဒရာရှိ ကျွန်းစု (၉) ခုနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။ လူဦးရေ ၁၁၃၈၇ ရှိပြီး ကုန်းမြေဧရိယာဟာ ၂၆ စတုရန်းကီလိုမီတာခန့်သာရှိပါတယ်။ တူဗာလူနိုင်ငံဟာ ၁၉၇၈ ခုနှစ်က လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်လာတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/7a/7a50c7f8894998fbbe1d27c0b70eb550194ac9ed.jpg

(၃) နာရူနိုင်ငံ
မာရှဲကျွန်းရဲ့တောင်ဘက်မှာရှိတဲ့ နာရူနိုင်ငံဟာ အိုစီးနီးယားရှိ သေးငယ်တဲ့ကျွန်းတစ်ခုဖြစ်ပါတယ်။ မြေဧရိယာ ၂၁ စတုရန်းကီလ်ိုမီတာကျယ်ဝန်းပြီး လူဦးရေ ၁၂၇၆၉ ခန့်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တို့လက်အောက်ကျရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်မှာ လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=398,q=100/ea/ea4f8474cf77e723f4418ada1c2868ec63bebf38.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T