ဒိုင်ယာရီရေးခြင်းကနေ သင်ရရှိနိုင်တဲ့အကျိုးကျေးဇူးများ

//s9.kh1.co/72/729a91d12b60ecc991556011a5de550488971f43.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-ဇွန်-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

နေ့တိုင်းပုံမှန်ရေးရင် ကောင်းကျိုးအများကြီး‌ပေးတဲ့ နေ့စဥ်မှတ်တမ်းရေးခြင်း

ကိုယ့်ရဲ့တစ်‌နေ့တာကို မှတ်တမ်းရေးတာ ဒိုင်ယာရီရေးတာဟာ သိပ်မထူးဆန်းတဲ့ကိစ္စဖြစ်ပေမယ့် အကျိုးသက်ရောက်မှုအများကြီးကိုဖြစ်စေပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေအရ အောင်မြင်တဲ့သူအများစုမှာ ဒိုင်ယာရီရေးတဲ့အလေ့အကျင့်ရှိကြပါတယ်။ ဒါဆိုဒိုင်ယာရီရေးခြင်းရဲ့ တစ်ခြားအကျိုးကျေးဇူးတွေကို ဖော်ပြ ပေးသွားပါမယ်။

https://s9.kh1.co/__image/w=650,h=434,q=100/27/27df95b4ffee7678c9ae3ff3f7040f08e37d1f2f.webp

(၁) ကိုယ့်ရဲ့ဆန္ဒတွေကို မြန်မြန်ဖြစ်လာစေတယ်။ ဒိုင်ယာရီရေးရင်းနှင့်ကိုယ်ဖြစ်ချင်တဲ့အကြောင်းအရာကို သတိတရ‌ရေးနေခြင်းက အဲ့ဒီဆန္ဒတွေကို မြန်မြန်ဖြစ်လာစေဖို့အထောက်အကူပြုပါတယ်။ ဆန္ဒတွေဖြစ်လာဖို့ ကြိုးစားချင်စိတ်ကိုပါဖြစ်စေတာကြောင့်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=419,q=100/b2/b2ee08c719d4e7d649e71288183f1a5c3b31e49c.jpg

(၂) ကိုယ့်ရဲ့တိုးတက်လာမှုနှင့်အခြေအနေတွေကို အမှန်တိုင်းမြင်စေတယ်။ နေ့စဥ််ရေးခြင်းက သိပ်မသိသာပေမဲ့ တစ်လလောက်ကြာတဲ့အခါကိုယ့်ရဲ့တစ်လတာဒိုင်ယာရီကိုကြည့်လိုက်ရင် ဘာတွေပြောင်းလဲသွားလဲဆိုတာကိုသေချာ‌မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/8b/8bc50b0d8107c993c271219f60e5e8a5e06e4b0d.jpeg

(၃) စိတ်ဖိစီးမှုနှင့် ဖိအားတွေကိုပြေပျောက်စေတယ်။ ဒိုင်ယာရီရေးခြင်းက ကိုယ့်အတွေးထဲမှာ ဖြစ်နေတဲ့အကြောင်းအရာတွေကို တိုက်ရိုက်ရေးချရတာဖြစ်တာကြောင့် စိတ်ညစ်စရာနှင့်ဖိအားတွေကို လျော့ကျစေပါတယ်။ တစ်ချို့စိတ်ပိုင်းဆိုင်ရာ ကုသမှုခံနေရတဲ့သူတွေကို ဒိုင်ယာရီရေးခြင်းကအများကြီးကူညီပေးနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=645,q=100/78/788d8542dba967172bdc4a1accea3a3e7d39482e.jpg

(၄) ကိုယ့်ရဲ့အစစ်အမှန်ကိုသိရှိစေပါတယ်။ ကိုယ်ဘာကိုသဘောကျပြီး ဘာကိုအကြိုက်ဆုံးလဲဆိုတဲ့မေးခွန်းမျိုးကို ဒိုင်ယာရီကနေရှာတွေ့နိုင်ပါတယ်။ ကိုယ့်ရဲ့ဖြတ်သန်းမှုအကြောင်းကို ရိုးရိုးရှင်းရှင်းရေးထားတာဖြစ်တာကြောင့် ကိုယ့်ရဲ့တစ်ကယ့်အစစ်အမှန်ကို အလွယ်တကူသိနိုင်တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=602,h=903,q=100/21/210a4246fd1120f3daca0a9bcbd17c40816f1b81.jfif

(၅) မှတ်ဉာဏ်ကိုတိုးတက်စေတယ်။ တစ်နေ့တာကိုပြန်စဥ်းစားပြီးရေးရတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့မှတ်ဉာဏ်ကိုအလုပ်ပေးထားရတာဖြစ်သလို ပြန်လည်တွေးနေရတဲ့အတွက် မှတ်ဉာဏ်ကိုအလေ့အကျင့်ဖြစ်ပြီး ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဒိုင်ယာရီ‌ရေးလေ့ရှိသူတွေဟာ အသက်ကြီးပိုင်း မှတ်ဉာဏ်ဆိုင်ရာရောဂါတွေမဖြစ်ကြတာများပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/ae/aec0a0b045f95757eb55676a5b034ccf1a9fd0bb.jpg

သတင်း အရင်းအမြစ် healthy.kaiserpermanet

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T