အမေရိကမှာတူးဖော်ရရှိခဲ့တဲ့ အီဂျစ်ရှေးဟောင်းအမွေအနှစ်..

//s9.kh1.co/28/286735654c3c938f36aeca8fd2115ac8c5c04108.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-ဇွန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဘာလို့များ အမေရိကမှာရှိနေရတာလဲ..

‌အီဂျစ်လူမျိုးတွေရဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်တဲ့ စဖိန်းစ်တွေကို အမေရိကန်ပြည်ထောင်စုမှာ တူး‌ဖော်တွေ့ရှိခဲ့တယ်ဆိုရင် သင်ယုံနိုင်မလား..။ ဒါဟာ ယုံစရာမကာင်းပေမယ့် ရှေးဟောင်းသုတေသီပညာရှင်တွေကတော့ အံ့ဩစရာကောင်းလောက်အောင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=300,h=168,q=100/e2/e23e5d0ec99d2978ffa98a2899ce939d06e47ba0.png

စဖိန်းစ်ဆိုတာ လူဦးခေါင်းနှင့်ခြင်္သေ့ကိုယ်ပါရှိတဲ့ထူးဆန်း‌သောရုပ်ထုဖြစ်ပြီး တန်ဖိုးဖြတ်မရတဲ့ အီဂျစ်ရှေးဟောင်းအမွေအနှစ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလိုရှေးဟောင်းအမွေအနှစ်တစ်ခုကို အမေရိကန်ပြည်ထောင်စုရဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ တူးဖော်တွေ့ရှိခဲ့ကြပါတယ်။ စဖိန်းစ်ရုပ်ထုတစ်ခုလုံးကို တွေ့ရှိခဲ့ကြတာမဟုတ်ဘဲ ဦးခေါင်းပိုင်းကိုသာရှာဖွေတွေ့ရှိနိုင်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=615,h=461,q=100/dd/ddd4d1f2329059fe05e09b73c27b480cca6f03b0.png

ဘာကြောင့် ဒီဦးခေါင်းကအမေရိကန်ပြည်ထောင်စုမှာ ရှိနေတာလဲ..။ ဒီမေးခွန်းက ရှုပ်ထွေးတယ်လို့ထင်ရပေမယ့် တစ်ကယ်တော့ ဒါကရိုးရှင်းပါတယ်။ ဒီရုပ်ထုကြီးတွေကို ၁၉၂၃ ခုနှစ်က ရိုက်ကူးခဲ့တဲ့ "The Ten Commandments" ရုပ်ရှင်မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ခရစ်ယာန်သမ္မာကျမ်းစာထဲက ဩဇာကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သူ မောရှေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရိုက်ကူးဖို့အတွက် စဖိန်းစ်ရုပ်ထု (၂၀) ကျော်အသုံးပြုခဲ့ပြီး ရိုက်ကူးရေးအပြီးမှာ ဒါရိုက်တာကြီး ဆာဆီဘီဒီမိုင်းက လော့စ်အိန်ဂျလစ်မြို့ရဲ့ အနောက်မြောက်ဘက် ၁၇၅ မိုင်အကွာက သဲတွေထဲမှာမြှပ်နှံထားခဲ့ပါတယ်။

https://s9.kh1.co/__image/w=554,h=554,q=100/9c/9c37df269aa0c599c7954c3011a300fd9633204f.png

ယခုတွေ့ရှိခဲ့တဲ့ စဖိန်းစ်ဦးခေါင်းကို ၂၀၁၇ ခုနှစ်က တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာကြီးမြှပ်နှံထားတဲ့ အခြားစဖိန်းစ်ရုပ်ထုတွေကိုလည်း ရှေးဟောင်းသုတေသီအဖွဲ့က ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။ 

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T