Self-study လုပ်တယ်ဆိုတာ ကိုယ်ပိုင်နည်းလမ်းနှင့်စာလေ့လာရတာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သေချာအသုံးချတတ်ရင် အကျိုးသက်ရောက်မှုကြီးမားတဲ့ စာလေ့လာနည်းဖြစ်ပါတယ်။ ဒါကြောင့် ထိရောက်တဲ့ Self-study ဖြစ်အောင်လုပ်ဆောင်ရမယ့် နည်းလမ်းတွေကိုဖော်ပြပေးသွားပါမယ်။

(၁) ယုတ္တိကျတဲ့ပန်းတိုင်ထားပါ။ တစ်ညအတွင်း တစ်လစာလေ့လာရမှာကို တစ်ညထဲနှင့်အပြတ်လေ့လာမယ် ဆိုတဲ့ မဖြစ်နိုင်တဲ့ပန်းတိုင်တွေမထားဘဲ တစ်ညကို စာဘယ်နှပုဒ်လေ့လာမယ်စတဲ့ဖြစ်နိုင်ခြေရှိတဲ့ပန်းတိုင်တွေကိုပဲထားသင့်ပါတယ်။

(၂) မတူညီတဲ့ဘာသာရပ်တွေကိုလေ့လာပါ။ လုပ်နေချိန်တစ်လျှောက်လုံး ဘာသာရပ်တစ်ခုကိုပဲလုပ်တာထက် အချိန်အလိုက်ဘာသာရပ်တွေပြောင်းပြီးလုပ်တာက ပိုပြီးအာရုံစူးစိုက်မှုရစေပါတယ်။

(၃) မတူညီတဲ့နည်းလမ်းတွေကိုအသုံးပြုပါ။ စာလေ့လာနေချိန်မှာ မူသေပစ္စည်းတစ်ခုကိုပဲအသုံးမပြုဘဲ တစ်ခြားနည်းလမ်းတွေကိုလည်းအသုံးပြုပေးသင့်ပါတယ်။ စာအုပ်နှင့်ပဲတောက်လျှောက်လေ့လာတာထက် သီချင်းနှင့် ဗီဒီယိုတွေကနေ တစ်ဆင့်သင်ယူတာကိုပါလုပ်ပေးခြင်းကို စာကိုပိုပြီးမှတ်မိနားလည်စေပါတယ်။

(၄) မှတ်သားစရာတွေကို လက်နှင့်ရေးပြီးမှတ်သားပါ။ ဖုန်းရဲ့မှတ်စုထဲမှာ မှတ်တာလိုမျိုးက မှတ်မိဖို့ခက်စေတတ်ပါတယ်။ စာအုပ်မှာ ကိုယ်တိုင်ချရေးတဲ့အချက်အလက်တွေကိုတော့ ပိုပြီးမှတ်မိလွယ်တဲ့အပြင် လေ့လာတဲ့စာတွေကို ပိုပြီးလည်းနားလည်လွယ်စေပါတယ်။

(၅) နေရာကိုသေချာရွေးချယ်ပါ။ စာလုပ်မယ့်နေရာဟာ အရေးကြီးတာကြောင့်သေချာရွေးချယ်ဖို့လိုအပ်ပါတယ်။ နေရာအနေအထား မီးအလင်းအမှောင် သေချာကြည့်မယ့်အပြင် ကိုယ့်ရဲ့စာကြည့်စားပွဲပေါ် မှာရှိနေတဲ့ပစ္စည်းတွေကိုလည်းသေချာစီစဥ်တတ်ရပါမယ်။

သတင်း အရင်းအမြစ်៖ ischoolconnect.com