အသံအကျယ်ဆုံးတိရိစ္ဆာန်များ...

//s9.kh1.co/0b/0bbb06ff687ec62358c4ade4f4640fe599a7e768.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-ဇွန်-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

ဘယ်လိုတိရိစ္ဆာန်တွေက အသံအကျယ်ဆုံးဖြစ်နိုင်လဲ..

ကမ္ဘာပေါ်ကတိရိစ္ဆာန်တွေဟာ ထူးခြားပြီး မတူညီတဲ့ပင်ကိုစွမ်းရည်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ အချို့တိရိစ္ဆာန်တွေက ပြိုင်ကားတစ်စီးလိုအပြေးမြန်ပြီး၊ အချို့တိရိစ္ဆာန်တွေက လူတစ်ရပ်စာလောက်ကို လွယ်လွယ်လေးခုန်နိုင်ပါတယ်။ ဒီလိုထူးခြားတဲ့စွမ်းရည်တွေထဲက ကမ္ဘာ့အသံအကျယ်ဆုံးတိရိစ္ဆာန် (၃) မျိုးကို ဖော်ပြပေးသွားပါမယ်။ 

(၁) ကျားပုံပုစွန်ဆိတ်

အံ့ဩစရာကောင်းတာက ဒီမြေထဲပင်လယ်ထဲက ပုစွန်ဆိတ်တွေဟာ ကျယ်လောင်တဲ့အသံကိုပိုင်ဆိုင်ထားတယ်ဆိုရင် သင်ယုံနိုင်မလား။ သူတို့ဟာ အသံတွေကို ပါးစပ်ကထုတ်တာမဟုတ်သလို သူတို့ရဲ့ကိုယ်ထည်ကလည်း ထုတ်မပေးပါဘူး။ သူတို့ရဲ့ ကြီးမားတဲ့ခြေသည်းတွေကတစ်ဆင့် လေပူဖောင်းတွေကို ထုတ်ပေးတာဖြစ်ပါတယ်။ အဆိုပါလေပူဖောင်းတစ်လုံးပေါက်ကွဲတဲ့အခါ ကျယ်လောင်တဲ့အသံလှိုင်းကိုထုတ်ပေးပြီး  ၆ ပေ အတွင်းမှာရှိတဲ့ ပုစွန်ဆိတ်တွေကို သေစေနိုင်ပါတယ်။ လေပူဖောင်းရဲ့ပေါက်ကွဲနှုန်းဟာ လူတစ်ယောက်ရဲ့နားကို ပြင်းထန်တဲ့နာကျင်မှုတွေဖြစ်စေပါတယ်။ ပေါက်ကွဲနှုန်းက ၁၂၀ ဒက်ဆီဘယ်ရှိပြီး လူတစ်ယောက်ရဲ့နားစည်က ၁၈၀ ဒက်စီဘယ်ထိသာ ခံနိုင်ရည်ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/22/222190dd8b295c9edb1983dd5db70b45f70643b0.jpg

(၂) အပြာရောင်ဝေလငါး

ကမ္ဘာ့အကြီးဆုံးတိရိစ္ဆာန်တွေဖြစ်တဲ့ အပြာရောင်ဝေလငါးတွေမှာလည်း ကျယ်လောင်တဲ့အသံတွေရှိပါတယ်။ သူတို့ရဲ့အသံထုတ်လွှတ်မှုနှုန်းဟာ ၁၈၈ ဒက်ဆီဘယ်ရှိတဲ့အတွက် လူတွေရဲ့နားစည်ကိုတောင်ပေါက်ကွဲစေနိုင်ပါတယ်။ အကယ်၍ သင်ဟာပင်လယ်ထဲမှာဆိုရင် ဝေလငါးတွေရဲ့အော်သံကို မိုင် (၁၀၀၀) လောက်အကွာအဝေးမှ ကောင်းကောင်းကြားနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/50/50d59a44e5406b9a9b1486d1ecb5985c81f0dbad.jpg

(၃) ခွေးဘီလူးလင်းနို့

ခွေးဘီလူးလင်းနို့တွေဟာ အင်းဆက်တွေအစား ငါးတွေကိုစားသောက်ဖို့အတွက် ကြီးမားတဲ့အသံလှိုင်းတွေကိုထုတ်ပေးနိုင်ပါတယ်။ သူတို့ရဲ့သားကောင်တွေကိုလည်း ကျယ်လောင်တဲ့အသံတွေနဲ့ တိုက်ခိုက်တတ်ကြပါတယ်။ သူတို့ရဲ့အသံထုတ်နိုင်မှုနှုန်းက ၁၄၀ ဒက်ဆီဘယ်ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/83/835663e7ece7181a21e13eafbb07450cb4323ccf.jpg

ဖော်ပြထားတဲ့တိရိစ္ဆာန်တွေအားလုံးရဲ့ အသံဟာာ လူတွေအနီးမှာဆိုရင်အန္တရာယ်ရှိနိုင်ပေမယ့် သူတို့ဟာလူတွေရဲ့ဝေးရာမှာ နေတတ်တဲ့တိရိစ္ဆာန်တွေဖြစ်ပါတယ်။ ဒါ့အပြင် ကျယ်လောင်တဲ့အသံတွေကို အချိန်တိုင်းထုတ်တာမဟုတ်ဘဲ တစ်ခါတစ်ရံသာထုတ်တတ်ကြပါတယ်။

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T