ဗီဒီယိုဇာတ်ကားတွေထဲမှာ ကြောက်စရာဇာတ်ကောင်အဖြစ် ဖော်ပြကြတဲ့ အသားစား ငါးတွေကို တွေ့ဖူးကြတယ်မလား။ အခုဖော်ပြပေးတဲ့ piranha ငါးမျိုးစိတ်ကလည်း အဲ့သလို လူတွေကို တိုက်ခိုက်တတ်ပြီး နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ အသားစားငါးမျိုးစိတ်ဖြစ်ပါတယ်။ Piranhas ငါးတွေဟာ တောင်အမေရိကမြစ်များမှ ပေါက်ဖွားလာတဲ့ ရေချိုငါးများဖြစ်ပြီး အထူးသဖြင့် အမေဇုန်မြစ်ဝှမ်းမှာ နေထိုင်ကျက်စားကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကို ဘရာဇီး၊ ပီရူးနှင့် ဗင်နီဇွဲလားနိုင်ငံများမှာ အများဆုံးတွေ့ရပါတယ်။


သုတေသနပညာရှင်တွေရဲ့ လေ့လာချက်မှာတော့ piranha ငါးမျိုးစိတ်ဟာ မျိုးစိတ်ပေါင်း ၆၀ ကျော်ရှိပြီး နေထိုင်တဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ကာ အရွယ်အစား၊ အရောင်အသွေးနှင့် အပြုအမူတွေက ကွဲပြားသွားတယ်လို့ ဆိုပါတယ်။

Piranha ငါးတွေမှာ အခြားငါးတွေနဲ့ မတူတာက သူတို့မှာ အလွန်ချွန်ထက်ပြီး ဘလိတ်ဓားတွေလိုထက်တဲ့ သွားတွေရှိပါတယ်။ အဲ့ဒီသွားတွေက သားကောင်ကို အရိုးပေါ်တဲ့အထိ အချိန်ခဏလေးအတွင်း အလွယ်တကူ ကိုက်ဖြတ်နိုင်စွမ်းရှိပါတယ်။ အချို့မျိုးစိတ်တွေဆိုရင် လူတွေကို သွေးထွက်သံယိုဖြစ်တဲ့အထိ ရန်လိုတိုက်ခိုက်တတ်ကြပါတယ်။


သူတို့ရဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုကတော့ စူးရှတဲ့ အနံ့ခံအာရုံရှိတာကြောင့် ရေထဲမှာ သွေးအနည်းရှိရုံလေဖြင့် သိနိုင်ကြပါတယ်။ ရေထဲမှာ ဒဏ်ရာရထားတဲ့ သားကောင်တွေဆိုရင်တော့ သူ့လက်ကနေ ပြေးမလွတ်ပါဘူး။ Piranha ငါးတွေက နာမည်ဆိုးဖြင့် ကျော်ကြားတဲ့သူတွေဖြစ်ပေမယ့် ဂေဟစနစ်မှာ အရေးပါတဲ့ ငါးမျိုးစိတ်ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source - Internet