နက္ခတ်ပညာရှင်တွေရဲ့ခန့်မှန်းချက်တွေအရ ဒီနှစ်အပိုင်းအခြားမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ ကံဆိုးမှုတွေအများဆုံးကြုံရမဲ့ရာသီခွင် (၃) ခုကိုဖော် ပြသွားပါမယ်။ ကံဆိုးမယ်ဆိုတာထက် ဒီရာသီခွင်တွေဟာ တစ်ခြားသူတွေထက်ပိုပြီးဘဝကိုစိန်ခေါ် မှုဖြစ်စေတဲ့ အဖြစ်အပျက်တွေ မခန့်မှန်းနိုင်တဲ့အခက်အခဲတွေကို ရင်ဆိုင်ရမယ်လို့ဆိုလိုတာ ဖြစ်ပါတယ်။

(၁) သိဟ် (Leo)
ဂျူလိုင် ၂၂ ကနေ သြဂုတ် ၂၃ နေ့အတွင်းမွေးဖွားတဲ့ သိဟ်ရာသီခွင်ဖွားတွေအတွက်တော့ ၂၀၂၃ ဟာ ကိုယ့်ဘေးနားကဆက်ဆံရေးနှင့် လူတွေကို စစ်ထုတ်ပေးမဲ့ နှစ်လို့ဆိုနိုင်ပါတယ်။ ဒီနှစ်အတွင်းမှာ ကိုယ့်ဘေးက မိတ်ဆွေတွေရဲ့ မထင်ထားတဲ့သစ္စာဖောက်မှုတွေ အထင်လွဲမှုတွေ စတဲ့ခင်မင်မှုကိုစမ်းသပ်တဲ့ဖြစ်ရပ်တွေ ခဏခဏကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်ဒီနှစ်အတွင်းမှာ ဆက်ဆံရေးအသစ်တွေတည်ဆောက်တာ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်သင့်ပါဘူး။


(၂) ကုံ ( Aquarius)
ဇန်နာဝါရီလ ၂၁ ကနေ ဖေဖော်ဝါရီ ၂၀ အတွင်းမွေးဖွားတဲ့ ကုံရာသီဖွားတွေအတွက်လည်း ဒီနှစ်အတွင်းမှာ အခက်အခဲတွေတော်တော်လေးကြုံတွေ့ရနိုင်ခြေရှိပါတယ်။ အဓိကအားဖြင့် ငွေကြေးပိုင်းနှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပိုင်းတွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာမျိုးကြုံတွေ့ရနိုင်ပါတယ်။ ငွေကြေးပမာဏအများကြီးကို လိမ်လည်ခံရတာ ဒါမှမဟုတ် ကိုယ့်ရဲ့သိက္ခာပိုင်းနှင့်ပတ်သက်ပြီး ပြဿနာတွေတက်တာ စတဲ့အခက်အခဲတွေကို ခဏခဏတွေ့ကြုံရနိုင်ပါတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်တွေကနေတစ်ဆင့် ပိုပြီး ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေလည်း ရလာမှာဖြစ်ပါတယ်။


(၃) မိန် ( Pisces)
ဖေဖော်ဝါရီလ ၂၀ ကနေ မတ်လ ၂၁ အတွင်းမွေးဖွားတဲ့ မိန်ရာသီဖွားတွေကလည်း ၂၀၁၃ ခုနှစ်မှာ အတိတ်ကအကြောင်းအရာတွေကြောင့် အခက်အခဲတွေကြုံတွေ့ရမဲ့ရာသီခွင်ဖြစ်ပါတယ်။ ကိုယ်မေ့နေလောက်ပြီဖြစ်တဲ့ အတိတ်ကအကြောင်းအရာတွေပေါ်ပေါက်လာပြီးတော့ အဲ့တာနှင့်ဆိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေက အခုလက်ရှိဘဝကိုပါအနှောင့်အယှက်ပေးမှာဖြစ်ပါတယ်။ အဓိက အလုပ်အကိုင်နှင့်ပတ်သက်တဲ့ အစီအစဥ်တွေကို နှောင့်နှေးစေပြီး ကြီးမားတဲ့ဆုံးရှုံးမှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။

သတင်း အရင်းအမြစ်៖ stylecaster.com