သူငယ်ချင်းတွေအုပ်စုလိုက်ရှိနေတတ်တဲ့ အဖွဲ့တွေမှာ ပုံစံအမျိူးမျိူးကိုယ်ရည်ကိုယ်သွေးအမျိူးမျိူးနှင့်သူတွေရှိပါတယ်။ ဒီလိုမတူညီတဲ့သူတွေစုပေါင်းထားတာဖြစ်တာကြောင့် သူငယ်ချင်းအုပ်စုဟာ ပိုပျော်ဖို့ကောင်းပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့အုပ်စုလေးဖြစ်လာတာဖြစ်ပါတယ်။ ဒီလိုအုပ်စုတွေမှာ အတွေ့ရများတဲ့ သူငယ်ချင်းအမျိူးအစားတွေကိုဖော်ပြပေးပါမယ်။

(၁) အုပ်ထိန်းသူ
ဒီသူငယ်ချင်းကတော့ အုပ်စုထဲမှာ တစ််ခြားသူတွေကို ဂရုစိုက်ပေးတဲ့အပြင်ပြဿနာတစ်ခုခုရှိလာပြီဆိုရင် ရှေ့ထွက်ဖြေရှင်းပေးတတ်တဲ့သူဖြစ်ပါတယ်။

(၂) စကားနည်းတဲ့သူ
အဖွဲ့ထဲကလူတိုင်းရဲ့စကားတွေကို သေချာနားထောင်ပေးပြီး အကြံဉာဏ်နှင့်ဆွေးနွေးမှုတွေအကုန်မျှဝေတတ်တဲ့ သူတွေဖြစ်ပါတယ်။ သူကတော်ရုံစကားမပြောဘဲ အေးဆေးပေမဲ့သူပြောပြီဆိုရင် တစ်ဖွဲ့လုံးနားငြီးတဲ့အထိပြောနိုင်တဲ့သူတွေဖြစ်ပါတယ်။

(၃) စကားကြမ်းပြီးပွင့်လင်းတဲ့သူ
သူကတော့ ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောချတတ်တဲ့သူဖြစ်ပါတယ်။ စကားလုံးအနုအလှမရွေးတတ်တာကြောင့် တစ်ခါတစ်လေစိတ်ထိခိုက်စေပေမဲ့ သူတို့လိုလူတွေက သစ္စာရှိပြီး မဖောက်ပြန်တတ်တဲ့သူငယ်ချင်းတွေဖြစ်ပါတယ်။

(၄) အာကျယ်လွန်းတဲ့သူ
ဘယ်နေရာသွားသွား ဒီလိုသူငယ်ချင်းပါလာပြီဆိုရင် သတိထားဖို့လိုပါပြီ။ သူတို့ကသူတို့ရဲ့ရယ်သံ စကားပြောသံတွေကို ထိန်းချူပ်မထားဘဲ အရှိကိုအရှိအတိုင်းဖော်ထုတ်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။ ဒီလိုသူငယ်ချင်းတွေရှိနေရင် သင်တို့အဖွဲ့အနေနှင့်တိတ်ဆိတ်ငြိမ်သက်နေမှာကို စိတ်ပူစရာမလိုတော့ပါဘူး။

(၅) ခေါင်းကောင်းတဲ့သူ
ဒီလိုသူငယ်ချင်းတစ်ယောက်အဖွဲ့ထဲမှာ ရှိခြင်းကဆုလာဒ်တစ်ခုလိုပါပဲ။ သူတို့ဟာဉာဏ်ထက်ကြတဲ့အပြင် ကိစ္စတွေဖြေရှင်းရတဲ့အခါ အခက်အခဲကြုံရတဲ့အခါတွေမှာ သူတို့ရဲ့ဦးနှောက်ကိုအသုံးပြုပြီး အဖွဲ့ကိုကယ်တင်ပေးတတ်ကြပါတယ်။ အဖွဲ့ရဲ့ စွယ်စုံကျမ်းနှင့် အကြံပေးပုဂ္ဂိုလ်လို့လည်း ပြောနိုင်ပါတယ်။

(၆) အသိများတဲ့သူ
သင်တို့အဖွဲ့ဘယ်ကိုပဲသွားသွား ရောက်တဲ့နေရာတိုင်းမှာ သူငယ်ချင်းတစ်ယောက်ရှိနေတဲ့သူ အဖွဲ့ထဲမှာရှိနေတတ်ပါတယ်။ ဒီလိုလူတွေဟာ ဆိုရှယ်ကောင်းလွန်းကြတဲ့အပြင် အဖွဲ့ထဲကိုလူအသစ်တွေထည့်ကြလေ့ရှိတဲ့သူတွေဖြစ်ပါတယ်။

(၇) ဘုကလန့်ဖြစ်နေတဲ့သူ
ဒီလူတွေကတော့ မကောင်းတာမဟုတ်ဘဲ အဖွဲ့ကိုပိုပျော်စရာကောင်းအောင်လုပ်ပေးနိုင်တဲ့သူတွေပါ။ ဆုံးဖြတ်ချက်တွေချရင် တစ်နည်းနည်းနှင့် ကန့်လန့်တိုက် ဆန့်ကျင်ဖက်ဖြစ်နေမှ အဆင်ပြေသလိုခံစားတတ်ကြလေ့ရှိပါတယ်။

(၈) အမြဲအေးဆေးနေတတ်သူ
အဖွဲ့ထဲမှာ ထပြီးရန်ဖြစ်ကြရင်တောင် ပေါက်ပေါက်ဆုပ်စားပြီးပွဲထိုင်ကြည့်နေနိုင်လောက်တဲ့အထိ အေးဆေးကြသူတွေဖြစ်ပါတယ်။ ဘာမှဂရုမစိုက်တဲ့ပုံရှိပေမဲ့ ဒီလိုသူငယ်ချင်းတွေဟာ သူများကိုဂရုစိုက်ပြီးသူတို့ဘေးနားရှိနေရင် အဆင်ပြေတဲ့ခံစားချက်ကိုပေးနိုင်တဲ့သူတွေဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ www.theodysseyonline.com





