စာအုပ်ဖတ်ခြင်းကနေ ရရှိနိုင်တဲ့အကျိုးကျေးဇူးများ

//s9.kh1.co/e7/e7c41e6ff427fdadde0309c8a71093436ce111f1.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-မေ-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

စာအုပ်ဖတ်ခြင်းကြောင့် ဘာကောင်းကျိုးတွေ ဖြစ်လာနိုင်သလဲ?

အခုခေတ်မှာ ဆိုရှယ်မီဒီယာနှင့်အတူ တစ်ခြားသောခေတ်မှီနည်းပညာတွေ၊ ဖျော်ဖြေမှုတွေအများကြီးပေါ်ပေါက်လာပါတယ်။ ဒီလိုပေါ်လာခြင်းရဲ့အကျိုးဆက်ကတော့ လူတွေဟာအားလပ်ချိန်မှာ စာအုပ်ဖတ်တာ‌ကို သိပ်မလုပ်ကြတော့ဘဲ ရုပ်ရှင်ကြည့်တာနှင့်ဆိုရှယ်မီဒီယာတွေမှာသာအချိန်ကုန်ဆုံးကြပါတေ့တယ်။ အမှန်တော့ စာအုပ်ဖတ်ခြင်းဟာအကျိုးကျေးဇူးအများကြီးရှိတဲ့ ဝါသနာတစ်ခုဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=435,q=100/10/106b21b49e7046def1b977278b36d05caff59f83.jpg

လေ့လာချက်တွေအရ စာအုပ်ဖတ်သူတွေဟာ ရုပ်ရှင်ကြည့်လေ့ရှိတဲ့သူတွေထက်ပိုပြီးစိတ်ကူးဉာဏ်ကောင်းပြီး ဉာဏ်ကွန့်မြူးနိုင်စွမ်းရှိကြပါတယ်။ အကြောင်းကတော့ စာအုပ်ကိုဖတ်တဲ့ချိန် အကြောင်းအရာတွေကိုကိုယ့်အတွေး‌ထဲမှာ စိတ်ကြိုက်အကောင်အထည်ဖော်နိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် စာအုပ်ဖတ်ခြင်းဟာ စိတ်ဖိစီးမှုနှင့် စိတ်ပင်ပန်းတာတွေကိုပြေပျောက်စေတဲ့အရာဖြစ်ပါတယ်။ နေ့စဥ်ဘဝမှာကြုံနေရတဲ့ ပြဿနာတွေကို ပြေပျောက်စေတဲ့အပြင် ကောင်းတဲ့လွှမ်းမိုးမှုတွေကိုပါပေးနိုင်ပါတယ်။

https://s9.kh1.co/__image/w=450,h=301,q=100/49/4985e98b7a002df20116ef16dcb5fe7c6e6efcf0.jpg
https://s9.kh1.co/__image/w=650,h=329,q=100/c7/c78d07a181733a4bbbdf87161da0478b81f06027.jpg

အင်တာနက်က လူတွေရဲ့စိတ်ကျန်းမာရေးကို ကျဆင်းစေပေမဲ့ စာအုပ်ဖတ်ခြင်းကတော့ စိတ်နှင့်ကိုယ် အကုန်လုံးကိုပိုကျန်းမာလာစေနိုင်ပါတယ်။ ကျန်းမာရေးစစ်တမ်းတွေအရဆို စာအုပ်ဖတ်ခြင်းက အသက်အရွယ်ကြောင့်ဖြစ်လေ့ရှိတဲ့ မှတ်ဉာဏ်ဆိုင်ရာရောဂါတွေဖြစ်ပွားခြင်းကိုပါထိန်းချူပ်နိုင်တယ်လို့သိရပါတယ်။ 

https://s9.kh1.co/__image/w=650,h=325,q=100/08/084aeb3447151b75999a41f0c8ba805748624e92.webp

ဖုန်းနှင့်ကွန်ပျူတာလိုမျိုး Screen‌ တွေကို ကြာရှည်ကြည့်ခြင်းဟာ မျက်လုံးကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ စာအုပ်ဖတ်ခြင်းကတော့ မျက်လုံးကို သိသာတဲ့ထိခိုက်မှုမရှိစေပါဘူး။ ဒါ့အပြင် အနုပညာရသခံစားတတ်ဖို့နှင့် ဉာဏ်ကွန့်မြုးတတ်ဖို့အရည်အချင်းတွေဟာ စာအုပ်ဖတ်ခြင်းကနေပဲပေးနိုင်တာတွေဖြစ်ပါတယ်။ ပြီးတော့ စာအုပ်ဖတ်ခြင်းဟာ အိပ်ပျော်စေဖို့ကူညီပေးနိုင်တာကြောင့် အိပ်မပျော်တဲ့ရောဂါရှိသူတွေအတွက် ဆေးတစ်ခုလိုမျိုးအသုံးပြုကြတဲ့ကုထုံးတစ်ခုလည်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/78/7836760942f0e1d391250d8860206e1e0ac8d459.webp

သတင်း အရင်းအမြစ် markhampubliclibrary

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T