သေဆုံးခြင်းနှင့်ဆိုင်တဲ့ အိမ်မက်တွေရဲ့အဓိပ္ပါယ်များ

//s9.kh1.co/7c/7c4e65d194f38e7c41356b51fc91c6c7197dd125.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သေဆုံးခြင်းနှင့်ပတ်သက်တာတွေကို ဘာကြောင့်မက်ရတာလဲ?

သေဆုံးခြင်းနှင့်ပတ်သက်တဲ့အိမ်မက်တွေဟာ လူအများစုကြောက်တတ်တဲ့အိမ်မက်တွေဖြစ်ပါတယ်။ ကိုယ်တိုင်သေဆုံးတဲ့သူဖြစ်နေတာ ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်ကတစ်ယောက်ယောက်သေဆုံးတာ ကိုမြင်နေရတာ အစရှိတဲ့အိမ်မက်တွေဟာ ကြောက်စရာကောင်းသလို စိုးရိမ်စိတ်တွေလည်းအများကြီးဖြစ်စေတတ်တဲ့ အိမ်မက်တွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=602,h=402,q=100/5e/5e1d7ef61b2d8d26f47cb27f2c5a7f7139559b3d.jfif

ဒါပေမဲ့ ဒီအိမ်မက်တွေဟာ ကောင်းတဲ့ဖက်နှင့်ဆိုးတဲ့ဖက်ဆိုပြီးအဓိပ္ပါယ်နှစ်ခုရှိနေတဲ့အိမ်မက်တွေဖြစ်ပါတယ်။အကောင်းဖက်ကအဓိပ္ပါယ်ကတော့ သေဆုံးခြင်းဟာ ကိုယ့်ဘဝလမ်းကြောင်းအသစ် ဒါမှမဟုတ် အသစ်တစ်ခုခုကိုစတင်တော့မှာဖြစ်ကြောင်းသတိပေးတဲ့အိမ်မက်ဖြစ်ပါတယ်။ ဘဝအသစ်ပြန်မွေးဖွားတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ်တိုင်သတိမထားမိတဲ့ အရှုပ်အထွေးတွေရှိနေတာကိုဖော်ပြနေတာလည်းဖြစ်ပါတယ်။ နောက်ထပ်ရောက်လာမဲ့အခွင့်အရေးတွေကိုအတွက် အဆင်သင့်ဖြစ်နေကြောင်း မသိစိတ်ကပြောပြနေတာလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/a4/a40c108316ddb1bbd17306f85ad7f2af89fa16c9.jpg
https://s9.kh1.co/__image/w=650,h=455,q=100/09/093788cba9b1c279a3acacd618b7ee57b8180d4c.jpg

အဆိုးဖက်ကနေဆို ဒီလိုသေဆုံးရတဲ့အိမ်မက်တွေဟာ ပြောင်းလဲမှုတွေကိုကြောက်လန့်နေတာနှင့် လက်မခံနိုင်ဖြစ်နေတာကြောင့် မြင်မက်တာဖြစ်ပါတယ်။ ပြဿနာတစ်ခုကိုမဖြေရှင်းနိုင်ဘဲ အဲ့ဒီ့ပြဿနာရပ်ထဲမှာပဲ တစ်ဝဲလည်လည်ဖြစ်နေတာကိုဖော်ပြတဲ့အိမ်မက်လည်းဖြစ်ပါတယ်။ ကိုယ်ခွင့်လွှတ်လို့မရတဲ့ကိစ္စတွေ ဒါမှမဟုတ် နာကျင်စရာကောင်းတဲ့အတိတ်ဖြစ်ရပ်တွေကို မမေ့နိုင်သေးတာကလည်း ဒီအိမ်မက်ကိုမက်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/d7/d7805db1c2e05e718c60645b65e9d20697466e94.webp

ဒီလိုအဆိုးအကောင်းနှစ်ခုကိုခွဲခြားရမဲ့နည်းလမ်းကတော့ ကိုယ်ကအိမ်မက် မက်နေတုန်းမှာ ကြောက်လန့်တာ ဒါမှမဟုတ် ဝမ်းနည်းကြေကွဲတဲ့ခံစားချက်တွေဖြစ်နေတာဆိုရင်တော့ ကိုယ့်အိမ်မက်ကအဆိုးဖက်ကိုရောက်နေတာဖြစ်ပါတယ်။ အဲ့လိုမဟုတ်ဘဲ ခံစားချက်ကပုံမှန်ပဲဖြစ်နေတယ်ဆိုရင်တော့ ဒါဟာအကောင်းဖက်ကနေယူဆနိုင်တဲ့အိမ်မက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/33/338b30aa28c5edb1e0b621357a2dfa112d280c86.jpg

သတင်း အရင်းအမြစ် www.worldofdreams.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T