အသက်ကြီးတဲ့ကြောင်တွေက ဘာကြောင့်ပုံမှန်ထက်ပိုပြီး အမြဲလိုလိုအော်တတ်ကြတာလဲ..

//s9.kh1.co/27/276b2df2632ec3ae81e5a522a06ef70620cb72ad.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-မေ-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကြောင်ချစ်တတ်သူတွေသိထားသင့်တဲ့အချက်ပါ..

အသက်ရှစ်နှစ်ကျော်လာတဲ့ကြောင်တွေဟာ ပုံမှန်ထက်ပိုပြီး အမြဲလိုလိုငြီးတွားကာ အော်ဟစ်နေတတ်ကြပါတယ်။ ဒီအသံဟာ သူတို့တစ်သက်တာမှာ ငြီးတွားတဲ့အသံတွေနဲ့လည်း မတူပါဘူး။ ဗိုက်ဆာလို့ ပန်းကန်လွတ်ဘေးမှာထိုင်ပြီး အော်တဲ့အသံတွေနဲ့လည်း မတူပါဘူး။ သူတို့ရဲ့ပိုင်ရှင်တွေနဲ့ ဆော့ကစားချင်လို့ ငြီးတွားတဲ့အသံလည်းမဟုတ်ပါဘူး။ သူတို့ရဲ့အသက်အရွယ်အရ ရည်ရွယ်ချက်မရှိဘဲ ငြီးတွားနေတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=325,q=100/00/007b23cbf9bbae811d40c712d0378180eab09d6c.jpg

ဒီလိုငြီးတွားနေပြီဆိုရင် တိရိစ္ဆာန်ဆရာဝန်တွေနဲ့ သွားပြပေးဖို့တော့ လိုအပ်ပါမယ်။ ဇီဝကမ္မနှုန်းမြင့်တက်လာခြင်းနှင့် သွေးတိုးရောဂါနှစ်မျိုးလုံးဟာ သက်ကြီးကြောင်တွေမှာအဖြစ်များပြီး ဆေးဝါးနဲ့ကုသလို့ရပါတယ်။ ဒီရောဂါကိုခံစားနေရတဲ့ကြောင်တွေဟာ နာကျင်မှုနှင့် မသက်မသာဖြစ်မှုတွေကြောင့် တစ်ညလုံးငိုယိုနေတတ်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=471,q=100/94/941081f5f24e46f1cf4849cf99c79be5aa0c7957.jpg
https://s9.kh1.co/__image/w=650,h=366,q=100/5c/5c10bb2597f4c9f998c4f9fbd13ecc34c972e3ea.jpg

ကြောင်တွေဟာ လူသားတွေလိုပဲ အသက်ကြီးလာတာနဲ့အမျှ အမြင်အာရုံအားနည်းခြင်းနှင့် အကြားအာရုံအားနည်းခြင်းတွေ ဖြစ်လာကြပါတယ်။ ဒါပေမယ့် လူတွေလိုမျက်မှန်တပ်ပြီး နားကြားကိရိယာတွေကို တပ်ဆင်လို့တော့မရပါဘူး။ အမြင်အာရုံဆုံးရှုံးတဲ့ကြောင်တွေဟာ မှောင်နေတဲ့အခန်းထဲမှာဆိုရင် စိတ်ရှုပ်ထွေးပြီး တစ်ညလုံးအော်နေတတ်ကြပါတယ်။ ဒီလိုစိုးရိမ်သောကတွေဖြစ်နေတတ်တဲ့အတွက် အသက်ကြီးတဲ့ကြောင်တွေကို ပိုမိုဂရုစိုက်ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=867,q=100/9c/9ca1591c732fb33a0c65c795f2c483caa27a9d94.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T