လူသားတွေဟာ အနာဂတ်ကိုသိချင်တတ်တဲ့ သဘောထားရှိတတ်ကြတာကြောင့် ဗေဒင်တွေ နမိတ်ဖတ်တာတွေကနေတစ်ဆင့် ကိုယ့်ရဲ့အနာဂတ်အကြောင်းကိုစူးစမ်းတတ်ကြပါတယ်။ များသောအားဖြင့် မိန်းကလေးတွေဟာ ကိုယ်ဘယ်လိုလူနှင့်ချစ်သူဖြစ်ပြီး အိမ်ထောင်ရက်သားကျမလဲဆိုတာကို စိတ်ဝင်တစားသိချင်တတ်ကြပါတယ်။ ဒီလိုသိနိုင်ဖို့ ကိုယ့်အိမ်မက်ထဲကနေ ဖူးစာရှင်ကိုမြင်တွေ့ရအောင်လုပ်နိုင်တဲ့နည်းလမ်းတွေကိုဖော်ပြပေးသွားပါမယ်။

အိပ်ရာမဝင်ခင် ကိုယ့်ဖူးစာရှင်အကြောင်းကိုတွေးပြီး အိပ်မယ်ဆိုရင်အိမ်မက်ထဲမှာ သူ့ကိုတွေ့နိုင်ပါတယ်။ အကြောင်းကတော့ အိမ်မက်အများစုဟာအိပ်ခါနီးအတွေးကိုစုပေးတာဖြစ်တာကြောင့် ကိုယ်တွေးထားတဲ့ကိုယ့်ရဲ့ဖူးစာရှင်ကိုဒီလိုနည်းလမ်းနှင့်မြင်တွေ့နိုင်ပါတယ်။ အများစုကတော့ ကိုယ်သဘောကျတဲ့မင်းသားမင်းသမီးတွေနှင့်အနီးစပ်ဆုံးတူတဲ့ သူကိုဖူးစာရှင်အဖြစ်လိုလားတောင့်တတ်ကြပါတယ်။

ဒါပေမဲ့ တစ်ကယ့်လက်တွေ့မှာဖြစ်နိုင်ဖို့ခဲယဥ်းတာကြောင့် ကိုယ့်ရဲ့မဖြစ်နိုင်တဲ့မျှော်မှန်းချက်တွေကို ပယ်ထားပြီးလက်တွေ့ဘဝနှင့်အနီးစပ်ဆုံးပုံဖော်နိုင်ရပါမယ်။ ပြီးတော့ အိပ်မပျော်ခင်မှာ နားဝင်ချိူပြီးစိတ်ငြိမ်စေတဲ့ ဂီတတွေဖွင့်တာကလည်း သင့်စိတ်ကိုငြိမ်စေပြီး အိမ်မက်ကိုအကောင်းဆုံးဖြစ်စေနိုင်ပါတယ်။ အများစုဟာ သူတို့ရဲ့ဖူးစာရှင်တွေကိုအိမ်မက်ထဲမှာ မကြာခဏတွေ့ဖူးကြပေမဲ့ အကြောင်းအရာအမျိူးမျိူးကြောင့် အိမ်မက်ကိုမမှတ်မိတာမျိူးဖြစ်တတ်ပါတယ်။

ဒါကြောင့် အိမ်မက်တွေကိုသေချာမှတ်ထားပြီး ဆင်တူတဲ့လူတစ်ယောက်ကို ဆက်တိုက်မက်နေပြီဆိုရင် အဲ့လူကသင့်ရဲ့ဖူးစာရှင်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ညတိုင်းအိပ်ပျော်ခါနီးတိုင်း စိတ်ထဲကနေ ဖူးစာရှင်ကိုဆက်သွယ်ပြီး အိမ်မက်ထဲမှာတွေ့ကြဖို့ပြောတာမျိူးဟာ တစ်ကယ်လည်းအကျိူးရှိနိုင်တယ်လို့သိရပါတယ်။ တရားထိုင်ခြင်းနှင့် အသက်ရှုလေ့ကျင့်ခန်းတွေကလည်း ကိုယ့်အိမ်မက်ကိုပုံဖော်တဲ့နေရာမှာ အများကြီးအထောက်အကူဖြစ်စေပါတယ်။


သတင်း အရင်းအမြစ်៖ www.wikihow.com