အလွယ်တကူချစ်မိသွားတတ်ကြတဲ့ ရာသီခွင်များ

//s9.kh1.co/dd/dd70585af9ffd61763651b7c55d8400688a50a47.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အချစ်ရေးမှာ တစ်ခြားသူတွေထက်မြန်ဆန်တတ်ကြတဲ့ ရာသီခွင်များ

နက္ခတ်ပညာရှင်တွေရဲ့လေ့လာချက်တွေအရ လူတွေရဲ့ကိုယ်ရည်ကိုယ်သွေးနှင့် အကျင့်စရိုက်တွေကို မွေးဖွားလာတဲ့ရာသီခွင်တွေက သက်ရောက်မှုရှိနေတယ်လို့သိရပါတယ်။ ရာသီခွင်အလိုက် စိတ်နေစိတ်ထားကွာခြားတာနှင့် အပြုအမူတွေ တွေးခေါ်ပုံတွေမတူညီတာအများကြီးရှိပါတယ်။ လူတစ်ယောက်ကိုအလွယ်တကူပဲချစ်မိသွားတတ်တဲ့အလေ့အထရှိကြပြီး အချစ်ရေးကိစ္စမှာ အချိန်သိပ်မယူဘဲမြန်မြန်ဆန်ဆန်လုပ်တတ်ကြတဲ့ ရာသီခွင်တွေကိုဖော်ပြသွားပါမယ်။

https://s9.kh1.co/__image/w=590,h=350,q=100/d5/d556ca5ec769353c32321365de323ba76cf23401.jpg

(၁) ကရကဋ်ရာသီခွင် ( Cancer)

ဇွန်လ ၂၁ ရက်ကနေ ဇူလိုင်လ ၂၂ ရက်အတွင်းမွေးဖွားတဲ့သူတွေကို ရာသီဖွားအဖြစ်သတ်မှတ်ထားပါတယ်။ ဒီရာသီဖွားတွေဟာ ရိုးသားကြပြီးတော့ သူတို့ရဲ့ခံစားချက်တွေကိုဖော်ပြတဲ့နေရာမှာရှက်တာတွေမရှိတတ်တာကြောင့် ခဏခဏချစ်မိတတ်ကြသလို အလွယ်တကူအသည်းလည်းကွဲတတ်ကြတဲ့သူတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/1f/1f3760ead07f311b5066c75fba64d12cbde8584e.jpg

(၂)ပြိဿရာသီခွင် (Taurus)

ဧပြီလ ၂၀ ရက်ကနေ မေလ ၂၀ အတွင်းမွေးဖွားလာကြတဲ့ ပြိဿရာသီခွင်ဖွားတွေကတော့ သစ္စာအရှိဆုံးရာသီခွင်လို့သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ သူတို့ဟာလူတွေအပေါ် အကောင်းမြင်စိတ်များတဲ့အပြင် ခံစားချက်လည်း နူးညံ့ကြတာကြောင့် သူတို့အပေါ််ကောင်းတဲ့သူတွေကိုဆိုချစ်မိသွားဖို့ဝန်မလေးတတ်ကြတဲ့သူတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/77/77a54d4b183a25079049a60fd39e41ac26047e0a.webp
https://s9.kh1.co/__image/w=640,h=360,q=100/34/340cc9adf047f939f8b53134699772129bb33f70.webp

(၃) ဓနုရာသီခွင် (Sagittarius)

နိုဝင်ဘာလ  ၂၂ ရက်ကနေ ဒီဇင်ဘာလ ၂၁ အတွင်းမွေးဖွားတဲ့ဒီရာသီခွင်ဖွားတွေကတော့ အရယ်အပြုံးများကြတဲ့အပြင် ဖော်ရွေတဲ့သူတွေလည်းဖြစ်တာကြောင့် လူကြိုက်များပြီးဆိုရှယ်ကျတတ်တဲ့သူတွေဖြစ်ပါတယ်။ သူတို့ဟာ လူတွေကိုအလွယ်တကူလည်းယုံကြည်တတ်ကြတာကြောင့် လွယ်လွယ်ချစ်မိတတ်ပြီး အချစ်ရေးမှာလမ်းများတဲ့သူတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/1f/1f49ffe0e9862664786d47335f47970c52f0a292.jpg

(၄) တူရာသီခွင် (Libra) 

စက်တင်ဘာလ ၂၃ ကနေ အောက်တိုဘာလ ၂၂ ရက်နေ့အတွင်းမွေးဖွားလာကြတဲ့ သူတွေကတော့ အမြဲတစ်စေပျော်ရွှင်တတ်ပြီး‌အနားပတ်ဝန်းကျင်ကသူတွေကိုပါ အပျော်ဓာတ်ကူးစက်အောင်လုပ်နိုင်စွမ်းရှိကြပါတယ်။ သူတို့ကိုယ်တိုင်ကလူကောင်းတွေဖြစ်ပြီး လူတိုင်းကိုချစ်ပေးနိုင်တာကြောင့် အချစ်ရေးဟာတစ်ခြားသူတွေထက် ပိုမြန်ဆန်တတ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/97/9750f534b421cc45076b549bfe3a69e018a88df1.webp
https://s9.kh1.co/__image/w=640,h=424,q=100/42/4222cb6c5ccdf473ac0f22ce566c257154e1a84d.jpg

သတင်း အရင်းအမြစ် timesofindia.indiatime

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T