အမျိုးသားတွေရဲ့ နှလုံးသားကို အပိုင်သိမ်းနိုင်မဲ့ အပြုအမူလေးများ

//s9.kh1.co/74/74764aef90da70fe905f748b15deb6f10abfc297.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-မေ-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

အမျိုးသားတွေအလွယ်တကူ ချစ်မိသွားစေနိုင်တဲ့အပြုအမူတွေ

အမျိုးသားတွေဟာ သူတို့ချစ်သူ ပါတနာ‌ကိုရွေးချယ်တဲ့အချိန် စိတ်မြန်လက်မြန် ဖြစ်ကြလေ့ရှိပေမဲ့ တစ်ကယ်နက်နက်ရှိုင်းရှိုင်းချစ်မိသွားတဲ့သူကိုတော့ နှစ်တွေကြာလည်း စိတ်ရှည်ရှည်စောင့်ဆိုင်းလေ့ရှိကြပါတယ်။ ဒီလိုအမျိုးသားတွေချစ်မိသွားစေဖို့ လိုအပ်တဲ့အပြုအမူလေးတွေကိုဖော်ပြပေးသွားပါမယ်။

https://s9.kh1.co/__image/w=650,h=375,q=100/7f/7f830b249899513c18973a6627dc631befc80573.jpg

(၁) ရဖို့ခက်ခဲတဲ့အရာကိုပိုလိုချင်တာဟာ လူ့သဘာဝဖြစ်တာကြောင့် အမျိုးသားတွေဟာလည်းပဲ သူတို့ကိုလွယ်လွယ်လက်ခံပေးတဲ့သူအစား ခက်ခက်ခဲခဲလိုက်ပြီးတော့ ရခဲ့တဲ့ချစ်သူလိုမျိုးကိုပိုပြီးနက်နက်ရှိုင်းရှိုင်းချစ်တတ်ကြပါတယ်။ ဒါဟာသူတို့အတွက်ပိုပြီးဆွဲဆောင်မှုရှိသလို ခံစားရတဲ့အပြင် စိတ်ထဲမှာလည်း အလေးအနက်ထားတဲ့ခံစားချက်ကိုဖြစ်ပေါ်စေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/e5/e5e1983916e5307d0a431b48f56fed37a7be95da.jfif

(၂) သူ့ရဲ့ခံစားချက်တွေကိုပြောင်းလဲစေတဲ့ အမျိုးသမီးကိုအမျိုးသားတွေဟာ အတော်လေးသဘောကျတတ်ကြပါတယ်။ ဒေါသထွက်တာနှင့် အခြားစိတ်ပင်ပန်းစရာကိစ္စရပ်တွေကို ပြောင်းပြန်လှန်နိုင်တဲ့အထိ သူတို့ကိုခံစားချက်ကောင်းမွန်စေတဲ့သူကိုအများကြီးချစ်မိတတ်ကြပါတယ်။

https://s9.kh1.co/__image/w=602,h=401,q=100/c4/c43d012edd9c36b51798c6101ae6137b39c1be90.jfif

(၃) အမျိုးသားတွေဟာ သူတို့ရဲ့အပြောအဆိုနှင့်အပြုအမူတွေကို စိတ်ရင်းနှင့်ခံစားပေးတတ်တဲ့သူတွေကိုအလွယ်တစ်ကူပဲ ချစ်မိတတ်ကြပါတယ်။ သူတို့ရဲ့ ဟာသတွေကိုလိုက်ပြီးရယ်မောပေးတာ သူတို့အလေးအနက်ပြောတဲ့စကားတွေကို သေချာနားထောင်ပြီးအသုံးဝင်တဲ့အကြံဉာဏ်တွေပေးတတ်တဲ့ မိန်းကလေးဟာသူတို့အမြင်မှာဆွဲဆောင်မှုအများကြီးရှိတဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=391,q=100/a3/a3e8ffae6bca1e6a18b46b31e78d84717b46af25.jpg

(၄) လူတိုင်းတော့မဟုတ်ပေမဲ့ အမျိုးသားအများစုဟာ ဆိုရှယ်ကျတဲ့ကောင်မလေးတွေကို ပိုသဘောကျတတ်ကြပါတယ်။ ဆိုရှယ်ကျတဲ့ကောင်မလေးတွေကို သဘောကျရခြင်းအကြောင်းရင်းကတော့ သူငယ်ချင်းတွေအများကြီးရှိခြင်းက သူတို့မျက်လုံးထဲမှာဆွဲဆောင်မှုတစ်ခုလို မြင်တာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆက်ဆံရေးပညာရှင်တွေရဲ့လေ့လာချက်အရ ဒီလိုမိတ်ဆွေများခြင်းက အတွဲတွေလမ်းခွဲရခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲကတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/94/949c4013192e58d04279d3a1326bf4cb147e5478.jpg

(၅) တစ်ခုခုကိုလေးလေးနက်နက်လုပ်ကိုင်တာ ဒါမှမဟုတ် တည်တည်ငြိမ်ငြိမ်နှင့် တစ်ခုခုကိုစိတ်ဝင်စားတတ်ကြတဲ့ မိန်းကလေးတွေဟာ အမျိုးသားတွေရဲ့စိတ်ကိုလှုပ်ကိုင်နိုင်တဲ့အပြင် ဆွဲဆောင်နိုင်စွမ်းလည်းရှိကြပါတယ်။ ဒီလိုလေးနက်တာဟာ သူတို့အတွက်လေးစားမှုနှင့်အချစ်ကို တစ်ပြိုင်တည်းခံစားရတဲ့အပြင် စိတ်ထဲမှာမေ့ဖျောက်ထားဖို့လည်းတော်တော်ခက်ခဲတာကြောင့်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/8e/8ec70842f031ded2740a7ac8a0c8511223d7d13e.jpg

သတင်း အရင်းအမြစ် goodmenproject.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T