လူအများစုရဲ့အိပ်စက်ချိန်ဟာ ဆိုရှယ်မီဒီယာတွေရဲ့လွှမ်းမိုးမှုတွေကြောင့် ပုံမှန်မဖြစ်တော့ပါဘူး။ အများစုဟာညနက်တဲ့အထိ ဖုန်းသုံးရင်း မနက်အိပ်ရာထလာတဲ့အခါ ပင်ပန်းနွမ်းနယ်စွာနှင့်ပဲထလာရတာတွေရှိပါတယ်။ ဒီလိုမဟုတ်ဘဲ ညစောစောအိပ်ရာဝင်ခဲ့ပေမဲ့ မနက်ပိုင်းမှာမလန်းဆန်းဘဲအိပ်ငိုက်နေတယ်ဆိုတဲ့ သူတွေအတွက် လန်းဆန်းနိုင်ဖို့နည်းလမ်းလေးတွေကို ဖော်ပြပေးသွားပါမယ်။

(၁) မနက်စာကိုအာဟာရပြည့်ဝတာစားပါ။
မနက်စာဟာတစ်နေ့တာရဲ့အစကိုဆုံးဖြတ်တာဖြစ်တဲ့အတွက် တစ်နေကုန်လန်းဆန်းပြီးအားအင်ပြည့်နေဖို့ မနက်စာကိုအသားဓာတ်ပါတာတွေများများစားသင့်ပါတယ်။ မနက်စာကိုကြက်ဥနှင့်နွားနို့်လိုမျိူး အာဟာရဓာတ်လုံလုံလောက်လောက်ပါဝင်တဲ့ အစားအစာတွေစားသင့်ပါတယ်။

(၂) ကဖိန်းဓာတ်နှင့်အယ်လ်ကိုဟောပမာဏကိုကန့်သတ်ပါ။
မူးဝေစေတဲ့ ဒီဓာတ်တွေပါဝင်တဲ့အစားအစာနှင့်သောက်စရာတွေကိုညဖက်တွေမှာ စားသောက်တာတွေကလည်းပဲ နေ့ခင်းအိပ်ငိုက်တာတွေရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။ မနက်ခင်းကိုကောင်းကောင်းမွန်မွန် နိုးထလာချင်တယ်ဆိုရင် အိပ်ရာဝင်ခါနီးခြောက်နာရီအတွင်း ကဖိန်းနှင့်အယ်ကိုဟောကိုရှောင်ရှားရမှာဖြစ်ပါတယ်။

(၃) ရေများများသောက်ပါ။
ရေဓာတ်ပြည့်ဝခြင်းက လန်းဆန်းဖို့ကူညီပေးနိုင်ပါတယ်။ တစ်ကယ်လို့ သင့်ခန္တာကိုယ်မှာရေဓာတ်ခြောက်သွေ့နေတယ်ဆိုရင် သင့်ဇီဝလုပ်ငန်းစဥ်တွေဟာနှေးကွေးပြီး အိပ်ငိုက်အောင်တွန်းအားပေးနေပါလိမ့်မယ်။ ဒါကြောင့် သင့်အလုပ်နေရာမှာရေတစ်ဘူးလောက်ထားထားပြီးခန္တာကိုယ်ကို ရေဓာတ်မပြတ်လပ်စေဖို့လုပ်ဆောင်ထားသင့်ပါတယ်။

(၄) မကောင်းတဲ့အတွေးတွေကိုရှင်းထုတ်ပစ်ပါ။
မနက်စောစောစီးစီး မကောင်းတဲ့အတွေးတွေကိုအရင်ဆုံးတွေးမိသွားတယ်ဆိုရင် တစ်နေ့လုံးပေါ့ပါးလန်းဆန်းနေဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးမကောင်းတဲ့အတွေးနှင့် ခံစားချက်တွေကိုဖယ်ထုတ်သင့်ပါတယ်။

(၅) လှုပ်လှုပ်ရှားရှားနေပါ။
လှုပ်ရှားမှုတွေကို ခဏခဏလုပ်ပေးတာက သင့်ရဲ့စိတ်နှင့်ခန္တာကိုယ်ကိုလန်းဆန်းစေပြီးတော့ အိပ်ငိုက်ပြေစေပါတယ်။ လေညင်းခံတာ ၊ခဏတစ်ဖြုတ်လမ်းလျှောက်တာမျိူးလုပ်ပေးခြင်းက ပင်ပန်းနေတဲ့ဦးနှောက်နှင့်စိတ်ကိုအနားပေးရာကျတဲ့အပြင် ခန္တာကိုယ်ကိုလည်းပြေလျော့စေပါတယ်။
သတင်း အရင်းအမြစ်៖ www.verywellmind.com