လူသားတွေဟာအပေါင်းအဖော်နှင့်နေထိုင်တတ်တဲ့ သူတွေဖြစ်တာကြောင့် သူငယ်ချင်းမိတ်ဆွေတွေရှိခြင်းက ဘဝကိုအကျိူးအများကြီးသက်ရောက်စေပါတယ်။ ကလေးဘဝကနေအရွယ်ေရာက်ပြီး အသက်ရတဲ့အထိသူငယ်ချင်းဖြစ်ဖို့ဆိုတာ အပြောင်းအလဲများတဲ့လူတွေအတွက်တစ်ကယ်ကိုမလွယ်ကူတဲ့အရာဖြစ်ပါတယ်။ ဒီလိုငယ်သူငယ်ချင်းတွေရှိတာရဲ့ ကောင်းကျိူးနှင့်ဆိုးကျိူးတွေကိုဖော်ပြပေးသွားပါမယ်။


ငယ်သူငယ်ချင်းတွေဆိုတာ သင့်ရဲ့ငယ်ရွယ်မှုနှင့်ကြီးပြင်းမှုတွေကို အတူတူရင်ဆိုင်ခဲ့ကြတာဖြစ်လို့ သင့်ရဲ့အတွင်းစိတ်ကိုသင့်ထက်တောင်နားလည်ကောင်းနားလည်နိုင်ကြပါတယ်။ သူတို့က သင့်ရဲ့အဆင်မပြေတဲ့အချိန်ကစလို့ အခက်ခဲဆုံးအချိန်တွေကိုလည်းကြုံတွေ့ဖူးကြတာကြောင့် သင့်ကိုတစ်ခြားသူငယ်ချင်းတွေထက်အများကြီးနားလည်ပေးနိုင်ကြပါတယ်။ ဘာမှမပိုင်ဆိုင်သေးခင်ကတည်းက စိတ်ရင်းနှင့်ခင်မင်ခဲ့ကြတာဖြစ်တဲ့အတွက် ဟန်ဆောင်မှုနှင့် မနာလိုဝန်တိုတာတွေမရှိတတ်ကြပါဘူး။

၂၀၂၁ တုန်းကလုပ်ခဲ့တဲ့လေ့လာရေးစာတမ်းတစ်ခုအရ ငယ်သူငယ်ချင်းရှိတဲ့လူငယ်တွေဟာ မရှိတဲ့သူတွေထက် စိတ်ကျန်းမာရေးပိုကောင်းကြတဲ့အပြင်ခန္တာကိုယ်ကျန်းမာရေးမှာလည်း ပိုကောင်းတတ်ကြတယ်လို့သိရပါတယ်။ ပြီးတော့ အသက်အရွယ်ကြီးလာတဲ့အခါ ရှေးဟောင်းနှောင်းဖြစ်တွေအပြန်အလှန်ပြောနိုင်မဲ့ သူငယ်ချင်းတစ်ယောက်ရှိခြင်းကလည်း မှတ်ဉာဏ်ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

ဒါပေမဲ့ တစ်ခါတစ်လေမှာတော့ ငယ်သူငယ်ချင်းတွေက ကိုယ့်ငယ်ဘဝရဲ့စိတ်ဒဏ်ရာတွေလည်းဖြစ်လာနိုင်ပါတယ်။ ပြီးတော့ သူတို့နှင့်အတူအမြဲရှိခြင်းက သင့်ကိုရင့်ကျက်လာစေမဲ့အခွင့်အရေးကိုလက်လွှတ်လိုက်သလိုလည်းဖြစ်စေနိုင်ပါတယ်။ ဒီလိုငယ်သူငယ်ချင်းတွေကြားက ပြဿနာတွေကလည်း သင့်ကိုအဆိုးရွားဆုံးသောစိတ်ညစ်မှုတွေကိုပေးနိုင်တဲ့ပြဿနာတွေပဲဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ www.verywellmind.com