နှစ်ပေါင်း ၂၁၀၀ ကျော်သွားပေမယ့် ထူးထူးခြားခြား မပုတ်မသိုးသေးဘဲရှိနေတဲ့ ရုပ်အလောင်း

//s9.kh1.co/c3/c328d375d94e1b3e82979117f43ab8642c1ee7e6.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-မေ-၂၀၂၃ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

.

Lady of Dai လို့ခေါ်တဲ့ တရုတ်အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းဟာ ရှာဖွေတွေ့ရှိဖူးသမျှ မမ်မီရုပ်အလောင်းတွေထဲမှာတော့ အထူးခြားဆုံး ရုပ်အလောင်းပါ။ ဒီရုပ်အလောင်းဟာ နှစ်ပေါင်း ၂၁၀၀ ကျော်သွားပေမယ့် မပုတ်မသိုးဘဲရှိနေသေးတဲ့အပြင် သက်ရှိလူသားတွေလို သူမရဲ့ အသားအရေတွေက ယနေ့အချိန်ထိ နူးညံနေတုန်းပါ။ ဒါတင်မကသေးပါဘူး… လက်နှင့် ခြေထောက်တွေကလည်း ကွေးဆန့်လို့ရပါတယ်။ ပိုပြီးအံ့ဩစရာကောင်းတာက ဆံပင်တွေ ၊မျက်တောင်မွေးတွေရှိနေသေးသလို အတွင်းပိုင်းအူကလီစာနှင့် ကိုယ်ပိုင် Type-A သွေးတွေ မပျက်မစီးဘဲ ရှိနေသေးပါတယ်။  ဒါပေမယ့် ကြောက်တတ်တဲ့ သူတွေဆိုရင်တော့ ဒီရုပ်အလောင်းကို မကြည့်တာက အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့ မျက်နှာအနေအထားက ကြောက်စရာကောင်းနေလို့ပါ။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒီအမျိုးသမီးက ဘယ်သူလဲ ၊ ဘာကြောင့် မမ်မီရုပ်အလောင်းအဖြစ်ထားရှိလဲဆိုတာ သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်တဲ့အခါမှာ Xin Zhui လို့ လူသိများတဲ့ သူမဟာ ဟန်မင်းဆက် (၂၀၆ ဘီစီအီ – ၂၂၀ အေဒီ) လောက်က အလွန်ချမ်းသာကြွယ်ဝတဲ့ Marquis ရဲ့ ဇနီးဖြစ်ခဲ့ပါတယ်။ Xin Zhui ဟာ ရုပ်ရည်ချောမောတဲ့သူဖြစ်ပြီး ပြီးပြည့်စုံတဲ့ ဘဝမှာ နေထိုင်ခဲ့ရပေမယ့် အသက် ၅၀ အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ရှာပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

သူမရဲ့ ရုပ်အလောင်းကိုတော့ ၁၉၇၁ ခုနှစ်က တရုတ်နိုင်ငံ၊ Hunan ရှိ Mawangdui တောင်ကုန်းတစ်ခု အလုပ်သမားတွေက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ခေါင်းတလားကို မြေအောက် ၁၂ မီတာအကွာတွေ့ရတာဖြစ်ပြီး ရုပ်အလောင်းအား ပိုးအလွှာ ၂၀ ဖြင့် ထုပ်ပိုးထားတာပါ။ ပြီးတော့ ခေါ်တလားအနီးမှာ ပိုးထည်အဝတ်အထည် ၁၀၀ ၊ တန်ဖိုးကြီး ယွန်းထည် ၁၈၂ ခု ၊ အလှပြင်ပစ္စည်းများ၊  ရေချိုးခန်းသုံး ဗီရိုတစ်ခုနှင့် ကျွန်တွေကို ကိုယ်စားပြုတဲ့ သစ်သားရုပ်တု ၁၆၂ ရုပ်တို့ကိုလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်ပိုင်း ရုပ်အလောင်းကို စစ်ဆေးကြည့်တဲ့အခါမှာ လုံးဝမပုတ်မသိုးဘဲ ရှိနေတာဖြစ်လို့ ရှေးဟောင်းသုတေသနပညာရှင်တောင့် မယုံနိုင်လောက်အောင် အံ့ဩခဲ့ရပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - thesun

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T