မိသားစုထဲက အလတ်တွေမှာရှိတတ်တဲ့ စိတ်ထားနှင့်အပြုအမူများ

//s9.kh1.co/c3/c3d6edf39031b9a6034c32f406dde498a12d41b7.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

အလတ်တစ်ယောက်ရဲ့ ခံစားမှုနှင့်စိတ်ထားတွေ

မိသားစုတစ်ခုထဲက ကလေးတွေမှာအကြီးဆုံးနှင့်အငယ်ဆုံးတွေဟာ အချစ်အခံရဆုံးနှင့် ဂရုစိုက်ခံရဆုံးတွေဖြစ်တတ်ပါတယ်။ လေ့လာမှုတွေအရဆို မောင်နှမတွေထဲမှာ အလတ်ဖြစ်သူတော်တော် များများဟာ Middle Child Syndrom လို့ခေါ်် တဲ့အပြုအမူနှင့်စိတ်ထားတွေရှိတတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/f5/f551732ac5055f7dca0ea1a55f7f49249098c165.png

အလတ်တွေဟာ များသောအားဖြင့် မိသားစုဝင်တွေနှင့်ရင်းနှီးကျွမ်းဝင်တာ ပွင့်လင်းတာတွေမှာ တစ်ခြားသူတွေထက်ပိုပြီးနှေးကွေးတတ်ကြပါတယ်။ သူတို့ရဲ့ခံစားချက်တွေကိုတော်ရုံမထုတ်ပြကြဘဲ မိဘတွေနှင့်လည်းတစ်ခြားမောင်နှမတွေနှင့်ယှဥ်ရင် အနေဝေးတတ်ကြပါတယ်။ ပြီးတော့ သူတို့ဟာပြဿနာတော်တော် များများကိုကိုယ်တိုင်ကိုယ်ကျပဲ ကြိတ်ဖြေရှင်းကြပြီး မိသားစုဝင်နှင့်တစ်ခြားသူတွေကိုအားကိုးတာနည်းပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/73/7381fe420e61544057195e7afc4a9b617b0cf0ac.webp

လေ့လာချက်တွေအရဆို အလတ်ဖြစ်ခြင်းက ကိုယ်ရည်ကိုယ်သွေးနှင့်ဘဝလမ်းကြောင်းအပေါ် သိသာတဲ့သက်ရောက်မှုတော့မရှိပေမဲ့ ငယ်ဘဝကိုတော့ အနည်းအကျဥ်းသက်ရောက်စေတယ်လို့သိရပါတယ်။ ပုံမှန်အားဖြင့် အလတ်တွေဟာမိဘဆီကနေ နွေးထွေးမှုနှင့်အချစ်တွေကိုအလုံအလောက်မရခဲ့တာကြောင့် မနာလိုတတ်တဲ့စိတ်ထားမျိူးရှိပါတယ်။ ဒါပေမဲ့ဒီခံစားချက်ကိုဖော်ထုတ်ဖို့ကိုဝန်လေးကြပြီး ကိုယ်တစ်ယောက်ပဲသိမ်းဆည်းထားတတ်ကြတဲ့သူတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=435,q=100/a2/a2725746355125692c3561ff64edfcfeb45ddfa6.jpg

ပြီးတော့ သူတို့ဟာသူတို့ကိုယ်သူတို့မပေါ်လွင်ဘူးလို့အမြဲခံစားတတ်ကြပြီးတော့ တစ်ခြားမောင်နှမတွေအပေါ် အနစ်နာခံဖို့နှင့် အနွံတာခံဖို့ကိုသူတို့တာဝန်တစ်ခုလိုပဲယူဆထားတတ်ကြပါတယ်။ ဒေါသလွယ်လွယ်မထွက်တတ်ကြတဲ့အပြင် တစ်ကယ်ဒေါသထွက်ပြီဆိုရင်လည်း လူတိုင်းကြောက်ရတဲ့အထိ စိတ်ကြီးပြီးဒေါသလည်းကြီးတတ်ကြပါတယ်။ အမှန်တော့ အလတ်တွေဟာ ဥပေက္ခာပြုခံထားရတဲ့ခံစားချက်ကိုအရမ်းမုန်းတတ်ကြပြီးတော့ အချစ်ခံချင်စိတ်ပြင်းပြတတ်တဲ့သူတွေပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=624,h=702,q=100/d7/d710fb5a2747f250f35a57859e4eb8026ea6ae5a.jpg
https://s9.kh1.co/__image/w=650,h=445,q=100/9f/9fcd4b95ee53d4e08d91af76147d6b8d0f24d885.jpg

သတင်း အရင်းအမြစ်www.verywell.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T