ဆက်ဆံရေးနှင့်ပတ်သက်တာတွေကိုလေ့လာတဲ့ စာတမ်းတစ်ခုမှာ အမျိူးသားတွေဟာ အမျိူးသမီးတွေထက်ပိုပြီးဖောက်ပြန်တတ်ကြကြောင်း ဖော်ပြထားပါတယ်။ ဖောက်ပြန်ရတဲ့အကြောင်းရင်းများစွာရှိနေပေမဲ့ အဓိကကတော့အသစ်အဆန်းကိုစမ်းသပ်ချင်စိတ်နှင့် ကြာနေပြီဖြစ်တဲ့ဆက်ဆံရေးကိုငြီးငွေ့လာတာကြောင့်ပဲဖြစ်ပါတယ်။

(၁) သိမ်ငယ်စိတ်ဝင်ခြင်း
ဒီအကြောင်းရင်းကြောင့်ဖောက်ပြန်တာကို ထက်မြက်တဲ့အမျိူးသမီးတွေကပိုပြီးခံစားရလေ့ရှိပါတယ်။ ယောကျာ်းအများစုဟာ သူတို့ကိုယ်သူတို့အမျိူးသမီးတွေထက်ပိုနိမ့်ကျနေရင် သိမ်ငယ်စိတ်ဝင်ပြီး သူတို့ကိုအထင်ကြီးလေးစားပေးမဲ့ကောင်မလေးတွေနှင့်ဖောက်ပြန်လေ့ရှိပါတယ်။
(၂) သဝန်တိုစိတ်ကြောင့်ဖောက်ပြန်ခြင်း
ကိုယ့်ပါတနာအမျိူးသမီးက တစ်ခြားအမျိူးသားတွေနှင့်ခင်မင်ရင်းနှီးနေတာမျိူးကို မကြိုက်တာကြောင့် လက်စားချေတဲ့အနေနှင့်လည်းဖောက်ပြန်တတ်ကြပါတယ်။ အမှန်တော့ သဝန်တိုစိတ်ဟာဟန်ပြသာဖြစ်ပြီး အဓိကအကြောင်းရင်းကတော့ သူ့ကိုယ်သူဆွဲဆောင်မှုရှိနေသေးကြောင့် တစ်ဖက်အမျိူးသမီးကိုသိစေချင်တာကြောင့်ဖြစ်ပါတယ်။

(၃) မရင့်ကျက်မှုကြောင့်ဖောက်ပြန်ခြင်း
တစ်ဖက်မိန်းကလေးရဲ့အချစ်နှင့်ယုံကြည်မှုကို အယုံလွန်ပြီး ဖောက်ပြန်မိရင်လည်း လက်ခံမှာပါဆိုတာကိုယုံကြည်ပြီးလုပ်လေ့ရှိကြပါတယ်။ ပြီးတော့ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာမရင့်ကျက်မှုကိုဖုံးကွယ်ဖို့ဖောက်ပြန်တတ်ကြပါတယ်။

(၄) လမ်းခွဲလိုခြင်း
ယောကျာ်းလေးတွေဟာ လမ်းခွဲစကားကိုနှုတ်နှင့်ထုတ်ပြောဖို့ခဲယဥ်းတယ်လို့ယူဆတတ်ကြတာကြောင့် လမ်းခွဲချင်လာရင်ဖောက်ပြန်တတ်ကြပါတယ်။ သူတို့ဟာ ဖောက်ပြန်တာကိုတစ်ဖက်ပါတနာတစ်မင်သိအောင်လုပ်ကြသလို တစ်ဖက်လူကသိသွားရင်လည်းတောင်းပန်ခြင်းမရှိဘဲ ဝမ်းသာအားရလမ်းခွဲကြလေ့ရှိပါတယ်။

(၅) အသစ်အဆန်းခံစားလိုခြင်း
နှစ်ရှည်တွဲလာတဲ့အတွဲတွေဟာ အချင်းချင်းငြီးငွေ့တာတွေဖြစ်လာပြီဆိုရင်လည်းဖောက်ပြန်တတ်ကြပါတယ်။ ဒါဟာသူတို့အတွက် ခဏတာအပျော်ရှာတဲ့သဘောပဲဖြစ်ပြီးတော့ ဒီလိုလုပ်တာကိုအပြစ်ရှိတယ်လို့လည်း မခံယူထားကြပါဘူး။

သတင်း အရင်းအမြစ်៖ www.mindbodygreen.org





