Soulmate ဆိုတာကိုယ့်ကိုနားအလည်ဆုံးနှင့် အနီးစပ်ဆုံးသူငယ်ချင်း ဒါမှမဟုတ် ချစ်သူကိုဆိုလိုတာဖြစ်ပါတယ်။ သူတို့ဟာကိုယ့်ကိုသေချာကောင်းကောင်းသိကြတဲ့အပြင် ကိုယ့်ရဲ့ခံစားချက်နှင့်အပြုအမူ အမူအကျင့်အားလုံးကိုလည်း ကောင်းကောင်းလက်ခံပေးနိုင်တဲ့သူတွေဖြစ်ပါတယ်။ ဒါဆို လူတစ်ယောက်က ကိုယ့်ရဲ့ Soulmate ဖြစ်တယ်ဆိုတာကိုဘယ်လိုသိနိုင်မလဲ? ကိုယ့်ရဲ့ Soulmate မှာရှိနေမဲ့ အပြုအမူနှင့်စိတ်ထားလေးတွေကိုဖော်ပြပေးသွားပါမယ်။

Soulmate ဆိုတာအခုမှစတွေ့ဖူးရင်တောင်မှ အရင်ကတည်းကသိကျွမ်းရင်းနှီးခဲ့သလို နွေးထွေးတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်။ ပြီးတော့ သူ့ရဲ့စကားပြောတာ ပြုမူတာအကုန်လုံးဟာသင်နှင့်ရင်းနှီးနေသလိုဖြစ်နေမဲ့အပြင် သင်ကိုယ်တိုင်လည်း သင်နှင့်သူ့ကြားက ခိုင်မာတဲ့ဆက်နွယ်မှုကိုခံစားမိနိုင်ပါတယ်။ သင်ကိုယ်တိုင်တောင်သတိမထားမိဘဲ သူ့ကိုနက်နက်ရှိုင်းရှိုင်းချစ်နေမဲ့အပြင် သူ့အတွက်သင့်ရဲ့အရာအားလုံးကိုပေးနိုင်တယ်လို့တောင် ခံစားစေမိတဲ့သူဖြစ်ပါတယ်။

သင့်ရဲ့တစ်ကယ့် Soulmate ဖြစ်တဲ့ပါတနာဟာ သင့်တိုးတက်မှုတွေ အရည်အချင်းတွေကိုအမြဲလေ့လာပြီး အတူကြီးပြင်းဖို့ကူညီနေပါလိမ့်မယ်။ အချစ်ဆိုတဲ့ခေါင်းစဥ််အောက်မှာ သင့်ကိုလှောင်ပိတ်ထားမှာမဟုတ်သလို သင့်ရဲ့စိတ်ကူးတွေ ဝါသနာတွေကိုအလွယ်တကူဥပေက္ခာပြုမှာမဟုတ်ပါဘူး။ ပြီးတော့ အတူရှိချင်တယ်ဆိုတဲ့အကြောင်းပြချက်နှင့် သင့်ရဲ့တိုးတက်ရာလမ်းကြောင်းတွေကိုပိတ်ပင်ထားမဲ့သူလည်းမဟုတ်ပါဘူး။
ဒါ့အပြင် လူတော်တော်များများကသူတို့ရဲ့ Soulmate ကိုသူတို့အလိုအပ်ဆုံးအချိန် ဒါမှမဟုတ် သူတို့ရဲ့အခက်ခဲဆုံးအချိန်တွေမှာတွေ့ကြတာဖြစ်ပါတယ်။ လေ့လာမှုတွေအရ တစ်ကယ်ကိုပျော်ရွှင်ပြီး အဆင်ပြေတဲ့ဆက်ဆံရေးတွေမှာ နှစ်ဖက်လုံးရဲ့ကြားထဲမှာ ထူးခြားတဲ့ဆက်နွယ်မှုနှင့် ခက်ခဲတဲ့အချိန်တွေကိုအတူရင်ဆိုင်ခဲ့ရတဲ့အချိန်ကာလတွေရှိကြပါတယ်။ ဒါပေမဲ့ Soulmate ဆိုတိုင်းလည်း ပျော်ရွှင်တဲ့အဆုံးသတ်ကိုပိုင်ဆိုင်ရတာမဟုတ်ပေမဲ့ လူတိုင်းကိုယ့်အတွက်သီးသန့်ဖြစ်တည်နေတဲ့ Soulmate နှင့်တစ်ကြိမ်တစ်ခါလောက်တော့ ဆုံဆည်းသင့်ပါတယ်။


သတင်း အရင်းအမြစ်៖ www.mindbodygreen.org





