ဆံပင်အရောင်ဆိုးခြင်းက အခုနောက်ပိုင်းမှာဆိုရင်ခေတ်စားပြီးလူတိုင်းသဘောကျတဲ့အလှအပစံနှုန်းတစ်ခုဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီလိုလှပပြီးတောက်ပအောင်ပြုလုပ်ထားတဲ့ဆံပင်တွေမှာ ကြောက်ဖို့ကောင်းတဲ့ဘေးထွက်ဆိုးကျိူးတွေအများကြီးရှိပါတယ်။ ဒါပေမဲ့အခုဖော်ပြသွားမဲ့ ဆိုးကျိူးတွေဆိုတာ ဆံပင်အရောင်ဆိုးပြီးနောက် ဂရုမစိုက်တာနှင့် ဓာတုဆေးအများကြီးပါတဲ့ဆေးတွေကိုအသုံးပြုတာကြောင့်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိူးတွေဖြစ်ပါတယ်။
(၁) ဓာတ်မတည့်ခြင်း
ဆံပင်အရောင်ဆိုးတာက ဓာတုပစ္စည်းတွေအများကြီးပါတဲ့ဆေးတွေကိုအသုံးပြုရတာကြောင့် ဦးရေပြားကိုအများကြီးအကျိူးသက်ရောက်စေပါတယ်။ တစ်ချိူ့အရည်အသွေးမကောင်းတဲ့ဆေးတွေဟာ ဦးရေပြားယားယံတာနှင့် အနာတွေပေါက်တာ စတဲ့ဓာတ်မတည့်မှုမျိူးကိုဖြစ်စေပါတယ်။

(၂) ကိုယ်ဝန်ပျက်ကျစေခြင်း
ဒီအကြောင်းကိုတော့့ဆေးပညာအရအတည်မပြုထားပေမဲ့ ဆံပင်ဆိုးဆေးမှာပါဝင်တဲ့ဓာတ်တွေဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အန္တရာယ်ရှိတာကြောင့် ကိုယ်ဝန်ပျက်ကျခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။
(၃) မျက်စိနာခြင်း
ဆံပင်နှင့်အမြဲထိတွေ့နေရတဲ့ မျက်နှာအစိတ်အပိုင်းတွေဟာ ဆံပင်ဆိုးထားခြင်းကြောင့် ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဆံပင်ဆိုးဆေးမှာ ပါဝင်တဲ့ဓာတ်တွေဟာ မျက်လုံးကို ယောင်ယမ်းပြီးနာကျင်တာ နှင့် ပြင်းထန်တဲ့မျက်ရည်ယိုတာတွေကို ဖြစ်စေနိုင်ပါတယ်။

(၄) ပန်းနာရင်ကြပ်ရောဂါဖြစ်စေခြင်း
ဓာတုပစ္စည်းတွေအများကြီးပါဝင်နေတဲ့ ဆံပင်ဆိုးဆေးဟာအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်တဲ့ ပန်းနာရောဂါအပေါ် မှာလည်းသက်ရောက်မှုရှိပါတယ်။ ရင်ကြပ်တာ ချောင်းဆိုးတာ ကနေစလို့ ပြင်းထန်တဲ့အဆင့်ဆိုရင် ရုတ်တရက်အဆုတ်အလုပ်မလုပ်နိုင်တော့တဲ့အထိဖြစ်သွားနိုင်ပါတယ်။

(၅) ကင်ဆာရောဂါဖြစ်စေခြင်း
တရားဝင်ဖော်ပြတဲ့အချက်အလက်မရှိသေးပေမဲ့ ဆရာဝန်နှင့်လေ့လာသူတွေက အရည်အသွေးမကောင်းဘဲဓာတုပစ္စည်းတွေအများကြီးပါဝင်တဲ့ ဆံပင်ဆိုးဆေးတွေဟာ ကင်ဆာရောဂါကိုဖြစ်စေနိုင်တယ်ဆိုတာကိုတွေ့ရှိခဲ့ကြပါတယ်။ ဒီတွေ့ရှိချက်နှင့်ပတ်သက်ပြီးတော့ ပိုပိုခိုင်လုံတဲ့သက်သေတွေကိုရှာဖွေနေကြပါတယ်။
သတင်း အရင်းအမြစ်៖ www.stylecraze.com





