သူငယ်ချင်းကောင်းတွေဆိုတာ ရွှေတွေထက်ရှားပါးပြီး ရဖို့ခက်ခဲတဲ့ရတနာတွေလိုပါပဲ။ အသိမိတ်ဆွေတွေအများကြီးရှိနိုင်ပေမဲ့ တစ်ကယ့်သူငယ်ချင်းကောင်းဆိုတာမျိူးကတော့ရှားပါးလွန်းပါတယ်။ လူသားတွေဟာကိုယ့်အကျိူးကိုပဲအများဆုံးကြည့်တတ်တဲ့သူတွေဖြစ်တာကြောင့် ကိုယ့်အပေါ်တစ်ကယ်ကောင်းတဲ့ မိတ်ဆွေသူငယ်ချင်းဆိုတာ ဘယ်လိုလူမျိူးလဲ? ကိုယ့်ဘေးမှာရှိနေတဲ့သူကတစ်ကယ့်မိတ်ဆွေကောင်းလားဆိုတာကိုသိနိုင်မဲ့ အချက်လေးတွေကိုဖော်ပြပေးသွားပါမယ်။

သူငယ်ချင်းကောင်းတွေဟာ ကိုယ့်ကိုအများကြီးနားလည်ပေးတတ်ကြသလို ကိုယ်ချင်းလည်းစာတတ်ကြပါတယ်။ အမြင်မတူရင်တောင်မှ ကိုယ့်ဖက်ကိုနားလည်ပေးနိုင်ကြသလိုကိုယ်မြင်သလိုပါလိုက်မြင်ပေးနိုင်ကြပါတယ်။ ပြီးတော့ သူတို့ဟာသင့်အပေါ်ကိုဘာမျှော်လင့်ချက်တွေမှမထားဘဲ အမြဲတမ်းကူညီပေးကြပါတယ်။ သူတို့အ တွက်သင်ပျော်ရွှင်ဖို့နှင့် အဆင်ပြေဖို့ကသာတစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ပါတယ်။

ပြီးတော့ တကယ့်သူငယ်ချင်းကောင်းဟာသင့်နောက်ကွယ်မှာ ဘယ်တော့မှသင့်မကောင်းကြောင်းမပြောပါဘူး။ အတင်းပြောတာဟာလူတွေရဲ့အကျင့်တစ်ခုဖြစ်ပေမဲ့ သူငယ်ချင်းကောင်းတွေကတော့ သင့်အတင်းကိုပြောလေ့မရှိကြပါဘူး။ ဒါ့အပြင် သူတို့ဟာသင့်ဆီကနေမဖြစ်နိုင်တဲ့တောင်းဆိုမှုတွေ သင်မတတ်နိုင်တဲ့အရာတွေကိုရယူဖို့ ကြိုးစားလေ့မရှိပါဘူး။
လူသားတွေဟာသူတစ်ပါးကိုဝေဖန်ရတာကိုအကြိုက်တွေ့တတ်ကြပေမဲ့ သူငယ်ချင်းကောင်းတွေကတော့ ကိုယ့်မိတ်ဆွေတွေအပေါ်ဘယ်တော့မှမဝေဖန်ပါဘူး။ သင့်ရွေးချယ်မှု သင့်ရုပ်ရည်အသွင်အပြင် နှင့် သင့်ရဲ့ကျရှုံးမှုတွေကိုတောင်မှ သူတို့ဟာမဝေဖန်တတ်ကြပါဘူး။ သူတို့ဟာသင့်ကိုအမြဲယုံကြည်ပြီး သင့်ရဲ့နဂိုပုံစံတွေအကုန်လုံးကိုလက်ခံပေးနိုင်ကြတဲ့သူတွေဖြစ်ပါတယ်။

ဒါ့အပြင် မနာလိုဝန်တိုမှုဆိုတာ သူငယ်ချင်းကောင်းတွေရဲ့စိတ်ထားတွေမှာမပါပါဘူး။ သူတို့ဟာသင့်ရဲ့အောင်မြင်မှုအကုန်လုံးကိုထပ်တူထပ်မျှဝမ်းသာပေးနိုင်ကြသလို သင့်ရဲ့ပျော်ရွှင်မှုအကုန်လုံးကိုလည်းခံစားနားလည်ပေးတတ်ကြပါတယ်။ ပျော်ရွှင်ရတဲ့ကိစ္စတွေကိုသင်နှင့်ထပ်တူပျော်ပေးနိုင်သလို ဝမ်းနည်းစရာဆိုရင်လည်းသင့်လိုပဲဝမ်းနည်းပေးနိုင်တဲ့သူငယ်ချင်းဟာ တစ်ကယ်ကိုရှားပါးပြီးကောင်းမွန်တဲ့ သူငယ်ချင်းပဲဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ thetrulycharming.com