မိုးရာသီမှာ မိုးတွေဆက်တိုက်ရွာတာ ဒါမှမဟုတ်နေရောင်ခြည်မရတာကြောင့် အဝတ်တွေကိုထုတ်မလှန်းနိုင်တာမျိူးက အဝတ်အထည်တွေကို မှိူစွဲစေတတ်ပါတယ်။ ဒီလိုမှိုဟာနေရာသေးသေးလေးမှာပဲရှိနေရင်တောင် ဝတ်လို့မရအောင်ရုပ်ပျက်စေတဲ့အပြင် တစ်ချိူ့မှိုတွေဆိုအနံ့အသက်ပါဆိုးဝါးနေတာကြောင့် မှိုတွေဟာအဝတ်အစားတွေအတွက် တကယ့်ရန်သူတော်တွေလိုပါပဲ။ ဒီလိုမှိုတွေအဝတ်အထည်မှာရှိလာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။

(၁) ရေပူနှင့် လျှော်ဖွပ်ခြင်း
မှိုတွေအများကြီးမရှိသေးဘူးဆိုရင် အဝတ်လျှော်စက်မှာပါတဲ့ ရေပူနှင့် လျှော်ဖွပ်ခြင်းက အတော်အသင့်ပျောက်ကင်းစေပါတယ်။ မှိုအများစုဟာရေအပူချိန် ၁၄၀လောက်ဆိုသေဆုံးတတ်ကြတာကြောင့် ရေပူနှင့်လျှော်ခြင်းကသဘာဝနည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

(၂) နေရောင်အောက်လှန်းပေးခြင်း
မှိုစတင်စွဲနေတဲ့ အဝတ်တွေကိုဆိုနေရောင်အောက်မှာ ပုံမှန်ထက်အနည်းငယ်ကြာအောင် လှန်းပေးခြင်းကလည်းထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အကြောင်းကတော့နေရောင်ခြည်ဟာ သဘာဝတရားရဲ့မှိုတိုက်ဖျက်ရေးလက်နက်တစ်ခုဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

(၃) အခြောက်လျှော်ခြင်း
တစ်ချိူ့မှိုတွေကိုတော့ အခြောက်လျှော်လိုက်ရင်သန့်ရှင်းသွားတာရှိပါတယ်။ မှိုအများစုဟာ အခြောက်လျှော်ရုံနှင့်တော့ မသက်သာပေမဲ့ပမာဏနည်းတဲ့ မှိုကိုတော့အခြောက်လျှော်ခြင်းက သက်သာစေနိုင်ပါတယ်။

(၄) အိမ်သုံးပစ္စည်းများသုံးစွဲခြင်း
ဆပ်ပြာနှင့်တင်မပျောက်ဘူးဆိုရင်တော့ အိမ်သုံးနည်းတွေကိုအသုံးပြုပြီးရှင်းနိုင်ပါတယ်။ မှိုပမာဏကိုလိုက်ပြီး သုံးစွဲရမယ့်ပမာဏကိုမှန်းဆပြီးထည့်တတ်ရပါမယ်။ Baking Soda နှင့် ရှောက်ရည်တို့ကို အတူတူတွဲပြီး အဝတ်လျှော်တဲ့နေရာမှာအသုံးပြုမယ်ဆိုရင် မှိုအများစုကိုပျောက်ကင်းစေပါတယ်။ ပြီးတော့ လက်ဖက်စိမ်းအဆီကလည်း မှိုတွေကိုဖယ်ရှားနိုင်တဲ့အစွမ်းရှိတာကြောင့် သူ့ကိုလည်းပဲ အသုံးပြုနိုင်ပါတယ်။

(၅) ဓာတုပစ္စည်းများသုံးခြင်း
တစ်ကယ်လို့ အဝတ်အစားက မှိုစွဲတဲ့ပမာဏလဲများနေမယ်။ အိမ်တွင်းသုံးပစ္စည်းတွေသုံးတာလည်းမထူးခြားဘူးဆိုရင်တော့ မှိုချွတ်ဆေးလိုမျိူး ဓာတုပစ္စည်းတွေကိုအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ ဒီလိုအသုံးပြုခြင်းက အဝတ်အထည်တွေရဲ့အရည်အသွေးကိုလျော့ကျစေမဲ့အပြင် အရောင်အဆင်းတောက်ပမှုကိုပါထိခိုက်စေနိုင်ပါတယ်။

သတင်း အရင်းအမြစ်៖ www. healthstyle.com