Emoji တွေကိုဘယ်သူဖန်တီးခဲ့တာလဲ?

//s9.kh1.co/43/4347d84fd66f662c3e77af9f16dbcbd22197871c.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-မေ-၂၀၂၃ ၄pm · လွန်ခဲ့သော ၂ နှစ် က

စကားလုံးတွေအစားအသုံးပြုနိုင်တဲ့ အီမိုဂျီတွေကိုဖန်တီးခဲ့တဲ့သူ

ဆိုရှယ်မီဒီယာမှာအသုံးများကြတဲ့ အရာတွေထဲမှာ ချစ်စရာကောင်းတဲ့အသွင်အပြင်နှင့်အီမိုဂျီလေးတွေလည်းထိပ်ဆုံးကပါဝင်ပါတယ်။ အီမိုဂျီအများစုဟာ သီးသန့်ဆိုလိုရင်းအဓိပ္ပါယ်တွေကိုယ်စီရှိကြပြီး ပေါ််ပေါက်လာခဲ့တာအချိန်ကြာညောင်းနေပြီလို့လည်းပြောနိုင်ပါတယ်။ ရှေးအီဂျစ်တွေရဲ့ နံရံပေါ်ကရုပ်ပုံတွေဟာလည်းအီမိုဂျီတွေရဲ့အစလို့ယူဆနိုင်ပါတယ်။

https://s9.kh1.co/__image/w=612,h=612,q=100/23/2397af62ac4f244e7a4828f761f83bfae8acdc31.jpg

အခုခေတ်အသုံးပြုနေတဲ့အီမိုဂျီတွေကိုတော့ ၁၉၉၉တုန်းက ဂျပန်မိုဘိုင်းဖုန်းကုမ္မဏီတစ်ခုရဲ့ ဒီဇိုင်နာဖြစ်သူ Shigetaka Kurita ကစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ စစချင်းမှာအီမိုဂျီစုစုပေါင်း ၁၇၆ ခုဖန်တီးထားခဲ့ပြီးအီမိုဂျီရဲ့အဓိပ္ပါယ်ကတော့ ဂျပန်စကားလုံး Picture နှင့်  Letter ကိုပေါင်းပြီးဖန်တီးထားခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=439,q=100/65/657c801b14ea5a3fd122ed0bd587ba0baa0a9112.png

ဒါပေမဲ့ အင်္ဂလိပ်စကားလုံး Emotion  ကိုမှီပြီးအီမိုဂျီလို့ခေါ်တာလို့လည်း ယူဆကြပါတယ်။ Shigetaka Kurita ဟာဂျပန်ကာတွန်းနှင့် ပုံပြင်တွေထဲကဇာတ်ကောင်တွေကိုပုံဖော်ပြီးတော့ အီမိုဂျီရဲ့ပုံစံတွေကိုသရုပ်ဖော်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅မှာတော့ Face with Tears of Joy” 😂 အီမိုဂျိကို အောက်စဖို့အဘိဓာန်ကနေ Word of the Year အဖြစ်သတ်မှတ်ဖော်ပြခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=512,h=512,q=100/63/63a2e4107538a51f9ed9ebe5c836d40d72e04d84.png

လက်ရှိအချိန်မှာတော့ အီမိုဂျီအခုပေါင်း သုံးထောင်ကျော်ရှိနေပြီဖြစ်တဲ့အပြင် နှစ်တိုင်းလည်း အသစ်အသစ်တွေထပ်ပြီးထွက်လာနေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=307,q=100/fd/fdca4a4f4c81ca126de11eef89c7d54bd5c1d938.jpg

သတင်း အရင်းအမြစ် www.galvanice.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T