ကမ္ဘာပေါ်ရှိ ကြွက်မျိုးစိတ်တွေထဲမှာတော့ Agoutis ကြွက်ကတော့ အကြီးဆုံးပါ။ Agoutis ဟာ ကြွက်မျိုးနွယ်ဝင်ဆိုပေမယ့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့နေကြ ကြွက်တွေနဲ့ အရွယ်အစားနှင့် ပုံသဏ္ဍာန်က အနည်းငယ်တော့ ကွဲပြားနေတာတွေ့ရပါတယ်။ သူတို့ရဲ့ ခြေတံလက်တံက အနည်းငယ်ရှည်လျားနေသလို ခန္ဓာကိုယ်အရွယ်စားကလည်း အတော်လေးကို ကြီးတယ်လို့ ပြောလို့ရပါတယ်။


အရွယ်ရောက်ပြီးသား Agoutis ကြွက်တစ်ကောင်ဆိုရင် ၅.၃-၁၃.၂ ပေါင် အလေးချိန်ရှိပြီး အရှည် ၄၀.၅-၇၅ စင်တီမီတာအထိရှိကြပါတယ်။ ဒါပေမယ့် အမွေးများကတော့ အနည်းငယ်ရှည်ပေမယ့် အခြား ကြွက်တွေလို ပုံမှန်အားဖြင့် အညိုရောင်ပါပဲ။ အစာအနေနဲ့ အခွံမာသီးတွေ ၊ အစေ့တွေအပြင် တောတွင်းအသီးအနှံတွေကို ရှာဖွေစားသောက်ကြသလို ရံဖန်ရံခါ အင်းဆက်များနှင့် ကျောရိုးရှိ သတ္တဝါငယ်များကိုလည်း စားသုံးတတ်ကြပါတယ်။


ပြီးတော့ Agoutis ကြွက်တွေ အခြားကြွက်တွေနဲ့ မတူတာက သူတို့ ရှာဖွေစုဆောင်းရရှိတဲ့ ဝမ်းစာတွေကို သိုလှောင်ရာမှာ မြေကြွင်းတွေတူပြီး ထားကြပေမယ့် အနားယူတဲ့ အချိန်မှာ အပင်တွေပေါ် ဆောက်လုပ်ထားတဲ့ အသိုက်တွေပဲ အနားယူကြတာပါ။ Agoutis ကြွက်မျိုးစိတ်တွေကို ကမ္ဘာ့တစ်ဝှမ်း နေရာအနှံအပြားမှာ မတွေ့ရပေမယ့် တောင်အမေရိက အလယ်ပိုင်းဒေသများမှာတော့ အများဆုံး တွေ့ရပါတယ်။

သတင်း အရင်းအမြစ်៖ Source - Internet





