ရှားပါးစာရင်းဝင် မြန်မာ့ပတ္တမြား

//s9.kh1.co/8b/8b69228050f394ca49e159b10a3f7ebe607749b8.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-မေ-၂၀၂၃ ၁၁am · လွန်ခဲ့သော ၃ နှစ် က

စိန်တွေထက်တောင်ရှားပါးတယ်ဆိုတဲ့ Burma Ruby

ကျောက်မျက်ရတနာများတွင် စိန်သည်ကာလတန်ဖိုးအရရော သွင်ပြင်ပုံစံတွေပါ တန်ဖိုးအကြီးဆုံးနှင့်အလှပဆုံးလို့ယူဆထားကြပါတယ်။ ဒါပေမဲ့ ပတ္တမြားလိုမျိူးတွင်းထွက်ကျောက်တွေဟာ စိန်ထက်တောင်ရှားပါးပြီး တစ်ချိူ့အမျိူးအစားတွေဟာစိန်တွေထက်ပိုလှပကြပါတယ်။ ဒီလိုပတ္တမြားတွေမှာမြန်မာ့ပတ္တမြားတွေကလည်းအပါအဝင်ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=543,q=100/ef/efdfbda159a9ccae2af875eb46d9470d44b1c53e.jpg

ကမ္ဘာပေါ်ကပတ္တမြားထွက်ရှိရာနေရာအများကြီးရှိနေပေမဲ့ မြန်မာနိုင်ငံမိုးကုတ်မြို့ကထွက်တဲ့ပတ္တမြားတွေကော အရောင်နှင့်အရည်မှာ ကျန်ပတ္တမြားတွေအားလုံးထက်ပိုပြီးသာလွန်ပါတယ်။ သွေးနီ ဒါမှမဟုတ် ခိုသွေးလို့ခေါ်ကြတဲ့ အနီရဲရဲအရောင်နှင့်ပတ္တမြားကို မြန်မာနိုင်ငံကနေပဲရရှိနိုင်တာဖြစ်ပါတယ်။

မိုးကုတ်မြို့ထွက် ခိုသွေးရောင်ပတ္တမြား<br>
မိုးကုတ်မြို့ထွက် ခိုသွေးရောင်ပတ္တမြား
ပတ္တမြားကျောက်အရိုင်းတုံး<br>
ပတ္တမြားကျောက်အရိုင်းတုံး

ရောင်စုံကျောက်မျက်တွေရဲ့သဘောအရ အရောင်ပိုတောက်ပတဲ့ကျောက်တွေဟာပိုတန်ဖိုးကြီးလေ့ရှိပါတယ်။ ဒီမြန်မာ့ပတ္တမြားတွေဟာ ထိုင်းနိုင်ငံကပတ္တမြားတွေနှင့်ယှဥ်ရင်ဖွဲ့စည်းတည်ဆောက်ပုံပိုကောင်းပြီးတော့ ကျောက်အတွင်းကအနီရောင်တွေကပိုတောက်ပရှင်းလင်းလေ့ရှိပါတယ်။ ဒါ့ကြောင့် မြန်မာ့ပတ္တမြားတွေဟာ လက်ရှိကမ္ဘာပေါ်ကပတ္တမြားတွေထက်ဈေးကောင်းပိုရတဲ့အပြင် တန်ဖိုးလည်းပိုများကြပါတယ်။

https://s9.kh1.co/__image/w=650,h=347,q=100/7a/7afc21d34394755a07a4665538af942640034a85.jpg
https://s9.kh1.co/__image/w=650,h=350,q=100/71/717257333d3246f9eef34cb4ef69281c6dd96f77.jpg

သတင်း အရင်းအမြစ် wikipedia.org

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T