ကမ္ဘာပေါ်ကလူသားတွေရဲ့သွေးအုပ်စုတွေကို သွေးထဲမှာပါဝင်တဲ့ Antigen ပါဝင်မှုတွေအပေါ်မူတည်ပြီး သွေးအမျိူးအစားခွဲခြားကြတာဖြစ်ပါတယ်။ သွေးအမျိူးအစားရှစ်မျိူးရှိတဲ့အထဲမှာ အရှားပါးဆုံးဖြစ်တဲ့ AB Negative ကတော့ကမ္ဘာ့လူဦးရေရဲ့နှစ်ရာခိုင်နှုန်းလောက်မှာပဲရှိတာဖြစ်ပါတယ်။

အမေရိကန်ကြက်ခြေနီအသင်းကြီးရဲ့ထုတ်ပြန်ချက်တွေအရ ဒီသွေးအမျိူးအစားဟာ ဥရောပလူမျိူးတွေမှာ တစ်ရာခိုင်နှုန်း၊ လက်တင်အမေရိကမှာ ၀.၂ ရာခိုင်နှုန်း၊ အာဖရိက-အမေရိကန်တွေမှာ ၀.၃ ရာခိုင်နှုန်း နှင့် အာရှလူမျိူးတွေဆီမှာ ၀.၁ ရာခိုင်နှုန်းပဲတွေ့ရတာဖြစ်ပါတယ်။


ဒီလိုရှားပါးသွေးဖြစ်ရတဲ့အကြောင်းရင်းကတော့ သွေးအမျိူးအစားအများစုထဲမှာရှိတတ်ကြတဲ့ Antigen တွေမရှိတာကြောင့်ဖြစ်ပါတယ်။ လူအများစုသွေးတွေဟာ Antigen ၉၉ ရာခိုင်နှုန်းပါဝင်ကြတာကြောင့် အဲ့ဒါမပါဝင်တဲ့သွေးအမျိူးအစားတွေဟာရှားပါးသွေးအမျိူးအစားတွေထဲမှာပါဝင်ပါတယ်။ B Negative သွေးအမျိူးအစားကလည်း ရှားပါးသွေးအမျိူးအစားတစ်ခုပဲဖြစ်ပါတယ်။

ဆန့်ကျင်ဖက်အနေနှင့် အများဆုံးတွေ့ရတဲ့သွေးအမျိူးအစားကတော့ O Positive အမျိူးအစားပဲဖြစ်ပါတယ်။ ကမ္ဘာလူဦးရေရဲ့တစ်ဝက်နီးပါးလောက်ဟာ အို သွေးအမျိူးအစားဖြစ်ပါတယ်။ ဒုတိယအတွေ့ရအများဆုံးသွေးအမျိူးအစားကတော့ A Positive ဖြစ်ပါတယ်။ ပြီးတော့ O Negative သွေးအမျိူးအစားတွေဟာသွေးအမျိူးအစားမရွေးဘဲသွေးလှူနိုင်တဲ့ ဘုံသွေးအမျိူးအစားတစ်ခုလည်းဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ www.blooddonor.com