စာအုပ်တွေဘယ်လိုဖြစ်ပေါ်လာခဲ့ကြတာလဲ?

//s9.kh1.co/a4/a4007a78e8fb3a92781460cae13bba7974c24860.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-မေ-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘာ့ပထမဆုံးစာအုပ်တွေနှင့် စာအုပ်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း

လူသားတွေရဲ့သမိုင်းကြောင်းနှင့် ကမ္ဘာကြီးအကြောင်းကိုလေ့လာတဲ့နေရာမှာ စာအုပ်တွေနှင့်မှတ်တမ်းတွေကအဓိကအရေးပါပါတယ်။ စာအုပ်တွေမရှိခင်က လူသားတွေဟာရှေ့မျိူးဆက်တွေကိုပြောပြဖို့ နံရံဆေးရေးပန်းချီတွေနှင့် ကျောက်ဂူတွေထဲကအမှတ်အသားတွေကိုအသုံးပြုခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/96/96e94afd980a29dc302f131b7667c624710a778d.jpg

နောက်ပိုင်းမှာအီဂျစ်လူမျိူးတွေက ဖယောင်းသားတွေပေါ်မှာစာရေးပြီး စာရွက်တွေလိုအသုံးပြုခဲ့ပါတယ်။ ဒီလိုဖယောင်းသားပေါ်မှာ စာရေးတဲ့အပြင် လိုအပ်တဲ့ပုံတွေပါဆွဲပြီး စာအုပ်တွေလိုမျိူးပေါ်ပေါက်လာဖို့စတင်ခဲ့ပါတယ်။ မှတ်တမ်းတွေအရတော့ ​တရုတ်နိုင်ငံကရှေးတရုတ်တွေက  ဘယ်ရီသီး၊သစ်ခေါက်နှင့်ငါးအကြေးခွံတွေကိုသုံးပြီး စာရွက်လိုမျိူးအရာကိုဖန်တီးခဲ့ကြပါတယ်။ ဒီစာရွက်ဟာသတင်းစာစက္ကူနီးပါးလောက်ကြီးပြီး မင်ရည်နှင့်ရေးပြီးရင်အခြောက်ခံပြီးမှပဲစာလုံးတွေကိုဖတ်နိုင်တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/2b/2bae546c031d8b4c71f33abf84d7a67d362e6079.jpg

တကယ့်ပထမဦးဆုံးစာအုပ်ကတော့ The Epic Of Gilgamesh လို့ခေါ်တဲ့ရှေးခေတ်သမိုင်းရဲ့နိုင်ငံရေးအကြောင်းအရာတွေကို မှတ်တမ်းတင်ထားတဲ့စာအုပ်ပါပဲ။ ဒါ့အပြင် ၁၄ရာစုမှာကိုးရီးယားနိုင်ငံကနေပြီး ဗုဒ္ဓဘာသာအယူအဆတွေကိုသင်ကြားပေးတဲ့ Jikji လို့ခေါ်တဲ့စာအုပ်ကလည်းအစောပိုင်းထွက်လာတဲ့စာအုပ်တွေမှာပါဝင်ပါတယ်။

Jikji
Jikji
The Epic of Gilgamesh
The Epic of Gilgamesh

နောက်တစ်ရာစုအကြာမှာတော့ Johannes လို့ခေါ်တဲ့ဂျာမာန်အမျိူးသားက ပုံနှိပ်စက်ကိုစတင်ဖန်တီးလိုက်ပါတယ်။ အဲ့ကနေတစ်ဆင့်ဥရောပနှင့်ကမ္ဘာတစ်ဝှမ်းလုံးကို စာအုပ်တွေပုံနှိပ်ထုတ်ဝေတာစတင်ကျယ်ပြန့်လာခဲ့တာဖြစ်ပါတယ်။ 

အစောပိုင်းပုံနှိပ်စက်များတွင်အသုံးပြုသော စာလုံးများ
အစောပိုင်းပုံနှိပ်စက်များတွင်အသုံးပြုသော စာလုံးများ

သတင်း အရင်းအမြစ် www.worldwords. com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T