Trauma ဆိုတာကဘာလဲ?

//s9.kh1.co/8d/8d255eb74430fb104ebb84abc86a8a1acc42947e.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-မေ-၂၀၂၃ ၉pm · လွန်ခဲ့သော ၂ နှစ် က

လူတိုင်းနီးပါးရှိတတ်ကြတဲ့ ထရော်မာအကြောင်း

ဆိုးရွားတဲ့အတွေ့အကြုံ အဖြစ်အပျက်တွေကြောင့် စီတ်ပိုင်းဆိုင်ရာခံစားနေရတာတွေကို  Trauma ဒါမှမဟုတ် စိတ်ဒဏ်ရာလို့ခေါ်ကြပါတယ်။ ဒီလိုစိတ်ဒဏ်ရာတွေဟာ ငယ်ဘဝအဖြစ်အပျက်တွေ၊ အကြမ်းဖက်ခံရမှုတွေနှင့်အခြားအကြောင်းအမျိူးမျိူးကြောင့်ဖြစ်ပေါ်လာနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/fb/fb947e349897f98bc3166be2d0d3dd06eb1f23f1.jpg

လူအများစုဟာဒီလိုဒဏ်ရာတွေကိုရလေ့ရှိပေမဲ့ အသက်အရွယ်နှင့်အတွေ့အကြုံကြောင့် ကောင်းကောင်းရင်ဆိုင်နိုင်ပြီး နေထိုင်နိုင်သွားကြတတ်ပါတယ်။ ဒါပေမဲ့ တစ်ချိူ့ကတော့ မဖြေရှင်းနိုင်တော့ဘဲ  PTSD ( Post-Traumatic Stress Disorder) လို့ခေါ်တဲ့စိတ်ဒဏ်ရာအလွန်စိတ်ကစဥ့်ကလျားဖြစ်တာအထိဖြစ်သွားနိုင်ပါတယ်။ လူအများစုကတော့ ငယ်ဘဝစိတ်ဒဏ်ရာတွေကိုရင်ဆိုင်နိုင်ကြတာများပေမဲ့ ကိုယ်ရခဲ့တဲ့ ထရော်မာအလိုက်ပျောက်ကင်းနိုင်စွမ်းတွေမတူညီကြပါဘူး။

https://s9.kh1.co/__image/w=650,h=483,q=100/04/04095a2a7ccdc8569e04f8c0d0455df165d2151e.jpg

တစ်ချိူ့ထရော်မာတွေဟာ ကိုယ်ကိုယ်တိုင်တောင်မသိဘဲ တိုက်ဆိုင်မှုတွေကြုံလာမှထွက်ပေါ်လာတာမျိူးရှိပါတယ်။ စိတ်ဒဏ်ရာအတိမ်အနက်အလိုက် ကျွမ်းကျင်ဆရာဝန်တွေနှင့်တိုင်ပင်ဆွေးနွေးပြီး ကုသမှုတွေခံယူသင့်တဲ့ရောဂါဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/b4/b43485d499926c6fddfa155912f7e79bf99f1a98.webp
https://s9.kh1.co/__image/w=310,h=162,q=100/4e/4ee5816d465d4ad192b7c51c9250ec4f54bce9ae.jpg

ဒီလိုထရော်မာတွေဟာ မမြင်နိုင်တာဖြစ်တဲ့အတွက်ပျောက်ကင်းဖို့လည်းကြာတတ်သလို နောက်ဆက်တွဲကိစ္စရပ်တွေလည်းအများကြီးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာငယ်ဘဝမှာတကယ်မမေ့နိုင်လောက်တဲ့အထိနာကျင်ခံစားရတာမျိူး သာမာန်မဟုတ်ဘဲအကြောက်လွန်တာလိုမျိူးဖြစ်နေတယ်ဆိုရင် စောစောစီးစီးကျွမ်းကျင်သူတွေနှင့်ကုသသင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=428,q=100/66/6683a34590950e813dac2815200408f8ac6e2c4e.jpg

သတင်း အရင်းအမြစ် www.urdoctor.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T