မိတ်ဆွေတွေကို လုံးဝမပေးသင့်တဲ့ပန်းတွေ

//s9.kh1.co/54/54efb281d86ce391672931825ebc710772875b7f.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-မေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

အဓိပ္ပါယ်မကောင်းတဲ့ ပန်းအမျိူးအစားများ

ပန်းတွေဆိုတာ လူအများစုသဘောကျပြီးလှလှပပနှင့် ကမ္ဘာကြီးကိုအလှဆင်ပေးတဲ့ပန်းလေးတွေပါ။ဒါပေမဲ့တစ်ချိူ့ပန်းတွေရဲ့အဓိပ္ပါယ်ဟာဆိုးဝါးလွန်းတာကြောင့် နိုင်ငံတစ်ချိူ့မှာဆိုရင် စိုက်ပျိူးရောင်းချတာကိုတောင်တားမြစ်ထားကြတာတွေရှိပါတယ်။

(၁) Aconite

ဒီပန်းလေးတွေဟာ တောက်ပတဲ့အရောင်နှင့်တစ်မူထူးခြားတဲ့ပုံစံလေးကြောင့်နာမည်ကျော်ပေးမဲ့ ကိုယ်ချစ်ခင်ရသူတွေကိုမပေးမိဖို့တော့လိုပါတယ်။ အကြောင်းကတော့ ဒီပန်းတွေဟာမုန်းတီးခြင်းနှင့် ယုတ်မာခြင်းတွေကိုကိုယ်စားပြုနေတဲ့ပန်းတွေဖြစ်တာကြောင့်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=520,q=100/37/37bf4bebc2273bbaf0397726490775b4abb568e8.jpg

(၂) Buttercups

အဝါရောင်ထီးလေးတွေနှင့်တူတဲ့ဒီပန်းလေးတွေကိုလည်း လူတွေအသုံးပြုကြလေ့မရှိပါဘူး။ ဘာကြောင့်ဆို ဒီပန်းပေးခြင်းက လက်ခံရသူကို ကလေးဆန်လိုက်တာ လူကြီးမပီသဘူးဆိုတဲ့အဓိပ္ပါယ်ကိုသက်ရောက်စေတာကြောင့်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=520,q=100/cf/cf58b5703c5b882d827323c2342ee005748dc7f1.jpg

(၃) Butterfly weed

ဒီပန်းကိုတော့ ကိုယ်ချစ်ခင်ရတဲ့သူတွေကိုပေးမိရင်တော်တော်အဆင်မပြေဖြစ်စေမဲ့ပန်းလေးပါ။ Leave Me လို့အဓိပ္ပါယ်ရတဲ့ဒီပန်းကို ရှေးတုန်းကအမျိူးသားတွေကသူတို့ချစ်သူတွေကိုလမ်းခွဲစကားမပြောရက်ကြရင် အသုံးပြုကြလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/27/271609e6090b5e7d895c736d657e610e689e6c3f.jpg

(၄) Cyclamen

အောက်ငိုက်စိုက်နေတဲ့ ငှက်နှုတ်သီးခေါင်းနှင့်တူတဲ့ဒီပန်းကိုတော့ မင်းနှင့်လမ်းခွဲလိုက်ရတာတကယ်ကောင်းတယ်ဆိုတဲ့အဓိပ္ပါယ်နှင့်ပေးရမဲ့ပန်းဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်ချစ်ခင်ရတဲ့မိတ်ဆွေတွေကို ဒီပန်းလေးမပေးမိအောင်သတိထားသင့်ပါတယ်။

https://s9.kh1.co/__image/w=434,h=640,q=100/15/1564466ea7e7ab015cd364ff5ddd7e4093853a2e.jpg

(၅) The Black Rose

ရှားပါးပြီးလှလွန်းတဲ့အနက်ရောင်နှင်းဆီတွေဟာ သေခြင်းကိုယ်စားပြုပန်းတွေဖြစ်ပါတယ်။ ဒါကြောင့် ပျော်စရာပွဲတွေနှင့် အမှတ်တရပွဲတွေမှာ အနက်ရောင်နှင်းဆီကိုမသုံးမိဖို့သတိထားရပါမယ်။ တစ်ချိူ့နိုင်ငံတွေမှာတော့ အနက်ရောင်နှင်းဆီကိုခမ်းနားခြင်းအဓိပ္ပါယ်နှင့် ပွဲလမ်းသဘင်တွေမှာအသုံးပြုကြတာမျိူးလည်းရှိပါတယ်။

https://s9.kh1.co/__image/w=375,h=500,q=100/20/20e0e6aa52b86df5674b2e31822553e1e6185c87.jpg

သတင်း အရင်းအမြစ် www.floristdiary.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T