မိုနာလီဇာပန်းချီကားက နှစ်ခုရှိနေတာလား?

//s9.kh1.co/5f/5f869710da2793c83852ab54beb7a04f43f23061.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-မေ-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

မိုနာလီဇာနှင့် ဒုတိယမိုနာလီဇာပန်းချီကား

ထူးခြားဆန်းကြယ်မှုတွေအခုထိဖော်ထုတ်နေဆဲဖြစ်ပြီး ကမ္ဘာ့နာမည်အကြီးဆုံးပန်းချီကားဖြစ်တဲ့ မိုနာလီဇာကို Leonardo da Vinci ကရေးဆွဲထားခဲ့တာဖြစ်ပါတယ်။ ပန်းချီကားဟာသာမာန်မဟုတ်တဲ့စုတ်ချက်တွေနှင့် ဖုံးကွယ်ထားတဲ့လျှိူ့ဝှက်ချက်တွေကြောင့်နာမည်ကြီးနေတာဖြစ်ပါတယ်။ ပညာရှင်တွေရဲ့လေ့လာမှုအရ ပန်းချီကားထဲကမိန်းမပျိူဟာအီတလီမြို့စားကတော်တစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။

Leonardo da Vinci
Leonardo da Vinci
https://s9.kh1.co/__image/w=650,h=969,q=100/0d/0da55a0e85c944ad3d7e402b967a1fbaf562bf20.jpg

ဒီပန်းချီကားကိုအသေးစိတ်လေ့လာမှုတွေလုပ်ခဲ့တဲ့အခါ ၂၀၁၀မှာပန်းချီကားထဲမှာ အင်္ဂလိပ်အက္ခရာ S  နှင့် LV တို့ကိုမိုနာလီဇာရဲ့မျက်လုံးထဲကနေတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ပန်းချီကားရဲ့နောက်ခံတံတားတစ်ခုဘေးမှာ 72 ဆိုတဲ့နံပါတ်တစ်ခုကိုပါထပ်တိုးတွေ့ရှိခဲ့ရပါတယ်။ ဒီအက္ခရာနှင့်နံပါတ်တွေရဲ့အဓိပ္ပါယ်ကို အခုချိန်ထိအတိအကျမဖော်ထုတ်နိုင်သေးပါဘူး။

https://s9.kh1.co/__image/w=650,h=400,q=100/b8/b8510809df217ee30af1d7a0f6b53d7158960e93.webp
https://s9.kh1.co/__image/w=650,h=366,q=100/83/83bf9789245570dfe8324027f16acc591c544e7f.jpg

ဒီပန်းချီကားမှာနောက်ထပ်ဆင်တူပန်းချီကားတစ်ချပ်လည်းရှိနေပါသေးတယ်။ နဂိုမူရင်းမိုနာလီဇာနှင့်ဆင်တူဖြစ်နေတဲ့အပြင် ရေးဆွဲပုံကလည်းတစ်မူထူးခြားနေတာကြောင့်ဒီပန်းချီကားကို လီယိုနာဒိုဒါဗင်ချီရဲ့တပည့်တစ်ယောက်ကနေရေးဆွဲထားတာဖြစ်မယ်လို့ ယူဆထားကြပါတယ်။ ဒီဆင်တူပန်းချီကားမှာ အခုခေတ်မှာသာအသုံးပြုတတ်တဲ့ 3D ရေးဆွဲနည်းကိုအသုံးပြုထားပါသေးတယ်။

https://s9.kh1.co/__image/w=650,h=984,q=100/3b/3bfd6f72b8f6071e9f3f700039a831790809f9ee.jpg

လေ့လာသူတွေကတော့ ဒီပန်းချီကားနှစ်ချပ်လုံးဟာတစ်ချိန်တည်းမှာရေးဆွဲတာဖြစ်ပြီးတော့ ရေးဆွဲသူရဲ့ခံစားချက်နှင့်ကျွမ်းကျင်မှုကိုလိုက်ပြီးကွာခြားသွားတာဖြစ်တယ်လို့ယူဆထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/7f/7fe199bc9ab736e1b9a499faf2fcc368d33a482c.webp

သတင်း အရင်းအမြစ် www.worldmyth.en

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T