ကမ္ဘာ့ပထမဆုံးရုပ်ရှင်ဇာတ်ကား

//s9.kh1.co/cd/cd7cd023d98f39d97391f6ed8861ceb1c1f0356c.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရုပ်မြင်သံကြားလောကရဲ့ကနဦးအစပြုဖြစ်တဲ့ The Story of Kelly Gang Film

ကမ္ဘာပေါ်က‌ ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ The Story of Kelly Gang ကို ၁၉၀၆ မဲလ်ဘုန်းမြို့ Athenaeum ပြဇာတ်ရုံမှာပြသခဲ့ပါတယ်။ ဒီဇာတ်ကားဟာ နှစ်ဆယ်ရာစုမှာထွန်းကားလာတဲ့ရုပ်မြင်သံကြားခေတ်ရဲ့ရှေ့ပြေးအထိမ်းအမှတ်တစ်ခုဖြစ်သလို ၁၉ရာစုရဲ့ကြီးမားတဲ့အောင်မြင်မှုတစ်ခုလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=256,h=220,q=100/f8/f864ef048d74c4b2a0b55c0cf5747172298bad55.jpg
ရုပ်ရှင်ပိုစတာ<br>
ရုပ်ရှင်ပိုစတာ

၁၉၀၃ မှာရွေ့လျားရုပ်ပုံတွေနှင့်ပဲရုပ်ရှင်ပြကြတဲ့အချိန်မှာ The Great Train Robbery ဆိုတဲ့အမေရိကန်ဇာတ်ကားဟာဆယ်မိနစ်တိတိကြာရှည်အောင်ပြသနိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့အောင်မြင်မှုကိုကြားနေရတဲ့ မဲလ်ဘုန်းမြို့က Tait ညီအစ်ကိုငါးယောက်ဟာဆယ်မိနစ်ထက်ပိုကြာပြီး ဇာတ်လမ်းအစအဆုံးကိုအသံရောရုပ်ပါတွဲကြည့်လို့ရတဲ့ ရုပ်ရှင်ကိုဖန်တီးဖို့ကြိုးစားခဲ့ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/fa/fa44a03b92043c3389c250e0ac9a4426db8ec747.jpg

ဒီရုပ်ရှင်ကိုခြောက်လကြာရိုက်ကူးခဲ့ရပြီး ဇာတ်ကားထဲကနေရာအများစုကိုမဲလ်ဘုန်းပတ်ဝန်းကျင်မှာပဲနေရာချပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ်အနေနှင့် ဒေါ်လာတစ်ထောင်ကျော်တောင်ကုန်ကျခဲ့ပြီး ဇာတ်ဝင်ခန်းထဲကသရုပ်ဆောင်တွေရဲ့အဝတ်အစားအသုံးအဆောင်တွေကို မြို့ထဲကပြဇာတ်ရုံတစ်ခုကနေငှားရမ်းပြီးရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်ပြတဲ့အချိန်ဆိုရင် ပိတ်ကားနောက်ကနေ လူတစ်ယောက်သို့မဟုတ် နှစ်ယောက်လောက်ကအသံထွက်ပြောရတဲ့အပြင် နောက်ခံအသံတွေအတွက် အခြားလူငယ်ငါးဦးလောက်ကလည်း ပိတ်ကားနောက်ကနေအလုပ်လုပ်ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/35/358c24d1fac86709ef33422d2e4a3a3301891a06.jpg

ရုပ်ရှင်ကိုစပြလိုက်တဲ့အချိန် အားပေးမှုတွေအများကြီးရခဲ့တာကြောင့် နိုင်ငံရပ်ခြားတွေအထိပါသွားရောက်ပြသခဲ့ရပါတယ်။ ဒါပေမဲ့ ရဲတွေကိုဆန့်ကျင်ခဲ့တဲ့လူငယ်တစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်လို့အစိုးရကနေပြီးတော့ ဆင်ဆာဖြတ်ပြီးပြသခွင့်မပြုခဲ့တဲ့ကိစ္စတွေကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။ ရုပ်ရှင်ရဲ့အောင်မြင်မှုကြောင့် Tait ညီအစ်ကိုတွေဟာဒေါ်လာ နှစ်သောင်းခွဲလောက်အထိအမြတ်အစွန်းပြန်ရခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=459,q=100/23/2375ce1cfa2a6b589b03af279d7d16a61e453331.jpg

သတင်း အရင်းအမြစ် www.makersofworld.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T