ကမ္ဘာ့အကြီးဆုံးဘုရားကျောင်း

//s9.kh1.co/98/986110186253b2a6d2cd91688ad994f6f4542c39.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-မေ-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

သမိုင်းတစ်ခုဖြစ်နေပြီဖြစ်တဲ့ စိန့်ပီတာဘုရားကျောင်း

ဗာတီကန်စီးတီးမှာတည်ရှိတဲ့ စိန့်ပီတာဘုရားကျောင်းကြီးဟာ အတွင်းပိုင်းတိုင်းတာချက်တွေအရ ကမ္ဘာမှာအကြီးဆုံးဘုရားကျောင်းအဖြစ်သတ်မှတ်ထားပါတယ်။ ဘုရားကျောင်းကြီးဟာ မီတာ15000ကျော်ကျယ်ဝန်းပြီး ၁၀ဝ ကျော်ရှည်လျားပါတယ်။ ဘုရားကျောင်းရဲ့အဓိကခန်းမဟာ မီတာတစ်ရာကျော်မြင့်ပြီးလက်ရှိကမ္ဘာတစ်ဝှမ်းလုံးက ဘုရားကျောင်းတွေမှာ အကြီးဆုံးအဖြစ်စံချိန်တင်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/1d/1d39d2ced4c53c368565955008df34f2b14a3db3.jpg

ဒီဘုရားကျောင်းကိုလေးရာစုတုန်းက ရောမဘုရင်ကစတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး နှစ်ပေါင်းနှစ်ဆယ်အကြာ ၁၆၂၆မှာ ဆောက်လုပ်ပြီးစီးသွားတာဖြစ်ပါတယ်။ ဒီဘုရားကျောင်းကြီးကို ခေတ်အဆက်ဆက်ပြုပြင်မွမ်းမံမှုတွေပြုလုပ်ခဲ့ကြပြီး ၁၉၈၄မှာတော့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာပါဝင်သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=515,q=100/93/93c36c4f3ab3ad3db158c96f06ca6e37b0b58fad.jpg
https://s9.kh1.co/__image/w=640,h=334,q=100/9f/9f5e8d9a02fe9239c517b6c406e163bc71b5ca7f.jpg

ဘုရားကျောင်းဟာ ဝတ်ပြုသူနှစ်သောင်းကျော်တစ်ချိန်ထဲမှာ ဝတ်ပြုနိုင်အောင်ကျယ်ဝန်းပါတယ်။ ဒီဘုရားကျောင်းကြီးကို ခရစ်ယာန်ဘာသာဝင်တွေရဲ့အထွတ်အမြတ်နေရာအဖြစ်သတ်မှတ်ထားပြီး တန်ဖိုးထားကြပါတယ်။ ဗာတိကန်ကိုအုပ်ချူပ်တဲ့ ပုပ်ရဟန်းမင်းအဆက်ဆက်ကိုဘိသိပ်မြှောက်တဲ့နေရာဖြစ်တဲ့အပြင် ဒီဘုရားကျောင်းကြီးဟာ အဖိုးတန်တဲ့သမိုင်းအမွေအနှစ်တွေအများကြီးကိုလည်းထိန်းသိမ်းထားပါတယ်။

https://s9.kh1.co/__image/w=650,h=1017,q=100/1a/1a1760d5ed45ccb5fd411d14c6a980531d3ad995.jpg
https://s9.kh1.co/__image/w=427,h=640,q=100/e5/e581717b6757ec7749d4c36299c2238b371f3337.jpg

စိန့်ပီတာဘုရားကျောင်းကြီးဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ မျက်မြင်သမိုင်းတစ်ခုဖြစ်သလို အသန့်စင်ဆုံးဝတ်ပြုရာနေရာလည်းဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးနေထိုင်တဲ့ဘုရားကျောင်းမဟုတ်ပေမဲ့ ဒီဘုရားကျောင်းကြီးဟာခရစ်ယာန်ဘာသာရဲ့သမိုင်းမှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=437,q=100/f1/f1025b4e32200b0242573e99d23af7be07a77905.png

သတင်း အရင်းအမြစ် en.wikipedia.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T