Wi-Fi တွေဆိုတာ ခေတ်မှီလူ့အဖွဲ့အစည်းရဲ့ မရှိမဖြစ်လိုအပ်တဲ့နေ့စဥ်သုံးပစ္စည်းတစ်ခုပါပဲ။ Wifi မရှိတဲ့လူသားတွေရဲ့နေ့စဥ်ဘဝဟာ သင်တွေးထားတာထက်အများကြီး ပိုခက်ခဲနေပါလိမ့်မယ်။ ဒီလိုအသုံးဝင်တဲ့ဝိုင်ဖိုင်ကို ကနဦးတီထွင်ခဲ့သူဟာ သိပ္ပံပညာနည်းပညာတွေနှင့်မအပ်စပ်တဲ့ ဟောလိဝုဒ်ရုပ်ရှင်မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။

Hedy Lamarr ဆိုတဲ့ ဟောလိဝုဒ်မင်းသမီးဟာ George Antheil ဆိုတဲ့လူတစ်ယောက်နှင့်ပူးပေါင်းပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာရိကန်နိုင်ငံနေဗီတပ်ရဲ့ထောက်လှန်းရေးရေဒီယိုတွေကို အနှောင့်အယှက်ပေးနိုင်တဲ့ ကြိုးမဲ့အသံလှိုင်းစနစ်တစ်ခုကိုတီထွင်ခဲ့ပါတယ်။ ဒီနည်းလမ်းနှင့် အမေရိကန်တွေရဲ့သတင်းအချက်အလက်တွေခိုးယူတာကို ကာကွယ်နိုင်ခဲ့သလို ကြိုးမဲ့ဆက်သွယ်ရေးစနစ်တစ်ခုဖြစ်လာမဲ့ ဝိုင်ဖိုင်ဖြစ်ပေါ်လာဖို့အတွက်လည်း အစပြုလိုက်ပါတယ်။


Vic Hayes ကိုတော့ ဝိုင်ဖိုင်ရဲ့ဖခင်ကြီးအဖြစ် လူတွေအသိအမှတ်ပြုထားကြတာဖြစ်ပါတယ်။ 1997တုန်းက ဝိုင်ဖိုင်ဖြစ်လာမဲ့ အပြည်ပြည်ဆိုင်ရာကြိုးမဲ့ကွန်ယက်တစ်ခုကိုဦးဆောင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ဒီကွန်ယက်ကို အဆင့်မှီအောင်တစ်ဖြေးဖြေးပြုပြင်ရင်းနှင့် အခုလို လူတိုင်းအလွယ်တကူအသုံးပြုနိုင်တဲ့စနစ်ဖြစ်လာတာဖြစ်ပါတယ်။

ဝိုင်ဖိုင်ဟာကြိုးမဲ့ကွန်ယက်နည်းပညာတစ်ခုဖြစ်ပြီး ကြိုးမဲ့ကိရိယာတွေအင်တာနက်အသုံးပြုနိုင်ဖို့ကြားခံတစ်ခုအနေနှင့်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ www.inventors.com





