McDonald's ဘာကြောင့်အောင်မြင်လာတာလဲ?

//s9.kh1.co/2a/2a172dcc26893079ee26ac94e4b94676059b62c1.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-မေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

ဆိုင်ခွဲပေါင်းသုံးသောင်းရှစ်ထောင်ကျော်ဖွင့်လှစ်နိုင်ခဲ့သည့် အောင်မြင်မှုသမိုင်းကြောင်း

ဟမ်ဘာဂါနှင့်လမ်းဘေးစားစရာများတွင် McDonald's ၏ထုတ်ကုန်မုန့်များကိုမှီနိုင်မဲ့မုန့်မရှိသေးဟု လူအများကအခိုင်အမာယုံကြည်ထားကြသည်။ အမှန်ပင် McDonald'sသည်နှစ်ပေါင်သများစွာကြာညောင်းသည့်တိုင် ယခုအချိန်ထိ လူထု၏အကြိုက်ဆုံး Fast Food Brandတစ်ခုအနေနှင့်ရှိနေတဲ့အပြင် ကမ္ဘာ့နိုင်ငံပေါင်းတစ်ရာကျော်မှာလည်းဆိုင်ခွဲတွေအများကြီးဖွင့်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/80/80e858b1345f164564a556b4bb10bf8d3d562da3.jpg

ဒီဆိုင်ကို ၁၉၄၀တုန်းကညီအကိုနှစ်ယောက် Maurine(Mac) နှင့် Richard McDonald ကနေပြီးတော့ ကယ်လီဖိုနီးယားမှာစတင်ခဲ့ကြတာဖြစ်ပါတယ်။ စတင်ခဲ့တုန်းကသူတို့ရောင်းချတဲ့နည်းစနစ်ဟာ စျေးများပြီးရွေးစရာလည်းများတဲ့မုန့်တွေဖြစ်ခဲ့တာပါ။ ဒါကိုမတူညီတဲ့အကြံနှင့် ရွေးချယ်ရမဲ့အမယ်နည်းပြီးစျေးပိုသက်သာတဲ့ဟမ်ဘာဂါတစ်ခုလုပ်ဖို့အကြံရခဲ့ကြပါတယ်။ သုံးလလောက်ဆိုင်ပိတ်ပြီး ပြုပြင်ပြီးနောက်မှာတော့ McDonaldလို့ခေါ်တဲ့ဆိုင်အသစ်ကိုစတင်ဖွင့်လှစ်လိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=493,q=100/7f/7f90356c8df7a897858cb32f99c709405a469278.png

ကံကောင်းထောက်မပြီးဒီဆိုင်ဟာအရင်ဆိုင်ပိုရောင်းအားကောင်းပြီး အမြတ်အစွန်းပိုရတာကြောင့်နောက်ထပ်ဆိုင်ခွဲထပ်ခွဲဖို့ Ray Korc ဆိုတဲ့သူနှင့်လက်တွဲခဲ့ပါတယ်။ Rayဟာ McDonald's ကိုဆိုင်ခွဲတွေအများကြီးခွဲနိုင်ဖို့နှင့် ဆိုင်ရဲ့ထိပ်တန်းအရည်အသွေးတွေကိုဆက်ထိန်းထားနိုင်ဖို့အများကြီးလုပ်ဆောင်လာခဲ့ပါတယ်။ ဒါကြောင့် ဆယ်နှစ်တောင်မကြာခင်မှာပဲ Rayဟာ McDonald's ရဲ့ CEO တစ်ယောက်ဖြစ်လာပါတော့တယ်။

https://s9.kh1.co/__image/w=650,h=520,q=100/71/717ad54ddb21bb3cc69cd093bdabc11c06d19ee1.jpeg

၁၉၆၇မှာတော့ အမေရိကန်နိုင်ငံရဲ့အပြင်ဖက်ဖြစ်တဲ့ ကနေဒါနိုင်ငံမှာဆိုင်ခွဲတစ်ခုကိုဖွင့်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံအနှံ့အပြားမှာဆိုင်ခွဲတွေတောက်လျှောက်ဖွင့်လာနိုင်ခဲ့ပါတယ်။ ဝေဖန်သူတွေက McDonald's ဟာမကျန်းမာစေမဲ့အစားအစာတွေကိုအဓိကရောင်းချနေတယ်ဆိုပြီး ဆိုးဆိုးဝါးဝါးတွေဝေဖန်ခဲ့ကြပေမဲ့ McDonald's ကကျန်းမာရေးအစားအစာတစ်ချိူ့ကို Menuထဲထည့်လိုက်ပြီး​​​​​ဖြေရှင်းလိုက်ပါတယ်။ လက်ရှိအချိန်မှာတော့ McDonald's ဟာကမ္ဘာပေါ်ကFast foodတော်တော်များများမှာယူနိုင်တဲ့အပြင် ကမ္ဘာ့အကြီးဆုံးအဆာပြေလုပ်ငန်းကြီးတစ်ခုလည်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=640,h=989,q=100/71/712b08d71a85784542f795c77f5347de6b9e17f0.png

သတင်း အရင်းအမြစ် www. britannica.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T