တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်ကလူအများစုအသုံးပြုကြတဲ့ Application တွေ Facebook YouTube Amazon နှင့် Tiktok လိုApp တွေကိုနိုင်ငံအတွင်းမှာသုံးစွဲခွင့်ပိတ်ပင်ထားပါတယ်။ အကြောင်းရင်းအနေနှင့်ကတော့ ပြည်ပကသတင်းအချက်အလက်တွေရရှိသွားတာနှင့်လုံခြုံရေးဆိုင်ရာပြဿနာတွေကိုကြိုတင်ကာကွယ်တဲ့အနေနှင့်ဖြစ်ပါတယ်။ ဒါဆိုတရုတ်နိုင်ငံတွင်းမှာ ဘယ်လို Application တွေကိုသုံးစွဲနေကြသလဲ?

(၁) WeChat ( Facebook)
တရုတ်နိုင်ငံတွင်းမှာရှိတဲ့ လူတိုင်းနီးပါးဟာဖုန်းထဲမှာ WeChat ရှိပါတယ်။ ဒီကနေတစ်ဆင့် Facebook နှင့် Messenger လိုဆက်သွယ်မှုတွေလုပ်နိုင်တဲ့အပြင် ဈေးရောင်းတာ ဝယ်တာ ပိုက်ဆံချေတာအစရှိတဲ့ အရာတွေကိုပါလုပ်ဆောင်နိုင်ပါတယ်။

(၂)Baidu ( Google)
Search Engine တစ်ခုဖြစ်တဲ့ Baidu ဟာဂူးဂဲလိုမျိူးပဲ အချက်အလက်တွေကိုရှာဖွေပေးတာ၊ ဘာသာပြန်ပေးတာနှင့် တည်နေရာတွေဖော်ပြတာတွေကိုလုပ်ဆောင်နိုင်ပါတယ်။

(၃) Douyin (Tiktok)
ဒါကတော့ တရုတ်ဗားရှင်း Tiktok လို့ဆိုနိုင်ပါတယ်။ ဗီဒီယိုအတိုလေးတွေကိုရိုက်ကူးပြီးတင်တာ ကြည့်တာတွေလုပ်နိုင်တဲ့ Application တစ်ခုပဲဖြစ်ပါတယ်။

(၄) iQIYI (Netflix)
ဗီဒီယိုတွေ ဇာတ်ကားတွေကိုစိတ်ကြိုက်ကြည့်ရှုနိုင်တဲ့ နက်ဖလစ်နှင့်ပုံစံတူ တရုတ် Video Streaming Application ပဲဖြစ်ပါတယ်။ ဒီပလက်ဖောင်းမှာဆိုရင် အင်္ဂလိပ်စာတန်းထိုးနှင့်အတူ အခြားဘာသာစကားတော်တော်များများကိုလည်းရရှိနိုင်ပါတယ်။

(၅) KuGou (Spotify)
တရုတ်နိုင်ငံရဲ့လူဦးရေသုံးဘီလီယံလောက် လတိုင်းသီချင်းနားထောင်တဲ့ ပလက်ဖောင်းဖြစ်ပါတယ်။ Spotify လိုမျိူးပဲ ကိုယ်ကြိုက်တဲ့ Playlist တွေလုပ်ထားနိုင်တဲ့အပြင် အဆိုတော်တွေကိုလည်းစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

(၆) Taobao (Amazon)
လိုင်းပေါ်ကနေရှော့ပင်းထွက်တာတွေအတွက်အကောင်းဆုံး App တစ်ခုဖြစ်တဲ့ Taobao ဟာ ပြည်ပက Epay Amazon တို့နှင့်ပုံစံအတူတူပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီ App ဟာကမ္ဘာ့အကြီးဆုံးအွန်လိုင်းဈေးကွက်တစ်ခုလည်းဖြစ်ပါတယ်။

(7) Weibo (Twitter)
တရုတ်အနုပညာရှင်တွေတင်မကဘဲ ပြည်ပအနုပညာရှင်တော်တော်များများပါ အသုံးပြုကြတဲ့ဒီ ပလက်ဖောင်းဟာ တွစ်တာလိုပဲသတင်းတွေတင်တာရှယ်တာ Hashtag တွေနှင့် Trending ဖြစ်အောင်လုပ်တာတွေလုပ်ဆောင်နိုင်ပါတယ်။ တရုတ်ပြည်ရဲ့ကိုယ်ပိုင်တွစ်တာစာမျက်နှာလိုမျိူးဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ thehelpfulpanda





