Instagram App ကိုဘယ်သူကဖန်တီးခဲ့တာလဲ?

//s9.kh1.co/31/3191a17089c0b97f9b2c652ab631c7774ecd21fd.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-မေ-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

အချိန်တိုအတွင်း အောင်မြင်မှုကြီးကြီးမားမားရခဲ့သည့် အင်စတာဂရမ်

လက်ရှိအချိန်လူအသုံးများနေသော ဆိုရှယ်မီဒီယာများတွင် အင်စတာဂရမ်သည်  Facebook app ပြီးလျှင်ဒုတိယအများဆုံး App တစ်ခုဖြစ်သည်။ အမှန်တော့ ဒီပလက်ဖောင်းကိုဖန်တီးသူသည် နည်းပညာဆိုင်ရာကျွမ်းကျင်သူမဟုတ်သလို မျှော်လင့်ချက်ကြီးကြီးမားမားထားပြီးတော့ဖန်တီးခဲ့တာလည်း မဟုတ်ပါဘူး။ Instagram ဆိုတဲ့နာမည်ကိုတော့  Instant Camera နှင့် Telegram တို့ကိုအတိုချူပ်ပြီးခေါ်တာဖြစ်တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/f0/f094f39fbfc58e760a6ad453ba9aaa15232f1eb1.png

အင်စတာဂရမ်ကိုစတင်ဖန်တီးခဲ့သူ Kevin Systrom ဟာဂူးဂဲလ်ကုမ္မဏီမှာ စီးပွားရေးအကြံပေးလက်ထောက်အဖြစ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ နည်းပညာကိုဝါသနာပါသောကြောင့် အားလပ်ချိန်တွင်ကုဒ်ရေးနည်းကို သင်ယူကာ  Burbn လို့ခေါ်တဲ့ App တစ်ခုကိုရေးဆွဲခဲ့ပါတယ်။။ ဒီ App ဟာသုံးစွဲသူတွေကို ဓာတ်ပုံရှယ်တာတွေလုပ်နိုင်တဲ့အပြင် Check-in ပါလုပ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/79/79c2b6cfa6f91866c79958c15ca0caa524390128.jpg

၂၀၁၀မှာ ကယ်လ်ဗင်ဟာ Baseline Ventures နှင့် Andreessen Horowitz ကရင်းနှီးမြုပ်နှံသူတွေနှင့်တွေ့ပြီး သူ့ App အကြောင်းကိုရှင်းပြခဲ့ပါတယ်။ ရလာဒ်အနေနှင့် ရန်ပုံငွေဒေါ်လာငါးသိန်းကျော်ရရှိခဲ့ပြီးတော့ အလုပ်ကနေအပြီးထွက်ပြီး ဒီ App ကိုပဲအချိန်ပေးပြီးပိုအဆင့်မြင့်လာအောင်လုပ်ဆောင်ခဲ့ပါတယ်။ ဆော့ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ကယ်လ်ဗင်ရဲ့သူငယ်ချင်း Krieger ကလည်း ဒီလုပ်ငန်းစဥ်မှာပါဝင်လာခဲ့ပါတယ်။

Kelvin and Krieger
Kelvin and Krieger
https://s9.kh1.co/__image/w=650,h=366,q=100/f3/f3b75e66fb55cd51a00090bfb5ece55c09065033.webp

၂၀၁၀ မှာတော့ Instagram ဆိုတဲ့နာမည်နှင့် App ကိုစတင်မိတ်ဆက်လိုက်ပါတယ်။ အဲ့ဒီတစ်ရက်ထဲမှာပဲ App ကိုဒေါင်းလုပ်သူအယောက်နှစ်ထောင်ကျော်ခဲ့ပြီး သုံးလအကြာတွင်တစ်မီလီယံရှိသည်အထိတိုးတက်လာခဲ့ပါတယ်။စစချင်းတွင် IOS ဖုန်းများအတွက်သာထုတ်ခဲ့သော်လည်း ၂၀၁၂ မှာ Android ဖုန်းတွေအတွက်ပါထုတ်ခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ Instagram ကို  Facebook ( Meta) ကုမ္မဏီကနေပြီးတော့ ဒေါ်လာတစ်ဘီလီယံနှင့် ဝယ်ယူခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/21/2120b4be8f6f2cc22373c0da5a0a27cebcb63a0b.png
https://s9.kh1.co/__image/w=650,h=437,q=100/f8/f8c0902a8a4354a64a5ae040a636c56adef74256.webp

သတင်း အရင်းအမြစ် www.techtarget.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T