ကျန်းမာရေးအဆောင်ကျောက်အဖြစ်လူသိများတဲ့ပယင်းကျောက်ဟာအမှန်တော့ တွင်းထွက်ကျောက်မဟုတ််ပါဘူး။ ဒီပယင်းတွေဟာ အပင်ကြီးတွေရဲ့အဆီအနှစ်ဖြစ်တဲ့သစ်စေးတွေရဲ့ကျောက်ဖြစ်ရုပ်ကြွင်းကနေဖြစ်ပေါ်လာတဲ့ သဘာဝရတနာတစ်မျိူးဖြစ်ပါတယ်။

ဒါ့အပြင်ပယင်းကျောက်တွေဟာ အကောင်တွေကိုနှစ်ရာချီကြာအောင်ပုံစံမပျက်စေဘဲ ထိန်းသိမ်းထားနိုင်စွမ်းလည်းရှိပါတယ်။ တစ်ချိူ့ရှားပါးပယင်းတွေဟာ ကျောက်အတွင်းထဲမှာ အကောင်တွေပါလာလေ့ရှိပါတယ်။ဒီလိုကျောက်တွေဟာ ပိုစျေးကောင်းတဲ့အပြင် အကျိူးအာနိသင်လည်းပိုရှိတတ်ပါတယ်။

ပယင်းကျောက်ဟာသဘာဝကနေပေးတဲ့ ကျောက်စစ်စစ်ဖြစ်တာကြောင့်ဂုဏ်သတ္တိအများကြီးရှိပါတယ်။ အများစုကတော့ ပယင်းကိုလက်ဝတ်တန်ဆာအဖြစ်လုပ်ပြီး ကျန်းမာရေးအဆောင်အဖြစ်ဝတ်ဆင်လေ့ရှိပါတယ်။

ပယင်းကျောက်ဟာတေဇောဓာတ်ကိုပိုင်ဆိုင်ထားတဲ့ ကျောက်ဖြစ်တာကြောင့်လူ့ခန္တာကိုယ်ရဲ့အပူအအေးကိုထိန်းချူပ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် သူဟာဟိုက်ဒရိုဂျင်ကိုစုပ်ယူပေးပြီးအောက်ဆီဂျင်ဓာတ်ကိုထုတ်လွှတ်ပေးတတ်တဲ့ကျောက်လည်းဖြစ်ပါတယ်။ ဒီကျောက်တွေကို ဘီစီရှစ်ထောင်လောက်ကတည်းကနေ အသုံးပြုခဲ့ကြတယ်ဆိုတဲ့မှတ်တမ်းတွေကိုလည်းတွေ့ခဲ့ရပါတယ်။

သတင်း အရင်းအမြစ်៖ earthgiveus;en