မြန်မာ့ပထမဆုံး စက်ရုပ်တီထွင်သူ

//s9.kh1.co/91/91ba5d8d0f0b19bd2f866758531eab976a13b86a.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်လောက်တုန်းကတီထွင်ခဲ့တာပါ

မြန်မာနိုင်ငံဟာလက်ရှိအိမ်နီးချင်းအာရှနိုင်ငံတွေနှင့်ယှဥ်ရင် နည်းပညာပိုင်းမှာ အတော်လေးနောက်ကျကျန်နေခဲ့ပါတယ်။ ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်လောက်တုန်းက တစ်ခြားအာရှနိုင်ငံတွေကိုကျော်လွှားပြီး လက်တွေ့အသုံးချလို့ရတဲ့ စက်ရုပ်တစ်ရုပ်ကိုတီထွင်နိုင်ခဲ့တဲ့ ပညာရှင်တစ်ယောက်မြန်မာနိုင်ငံမှာပေါ်ထွန်းခဲ့ဖူးပါတယ်။

တီထွင်သူဆရာဦးကြည်နှင့် သူ့စက်ရုပ်
တီထွင်သူဆရာဦးကြည်နှင့် သူ့စက်ရုပ်

ထားဝယ်မြို့ဖွားဦးကြည်ဆိုတဲ့ အင်းစိန်စက်မှုလက်မှုသိပ္ပံက ဆရာတစ်ယောက်ဟာ မြန်မာနိုင်ငံရဲ့ပထမဆုံးစက်ရုပ်ကိုတီထွင်ခဲ့တာဖြစ်ပါတယ်။ ဦးကြည်ဟာ စက်ပစ္စည်းတွေကိုအထူးနှစ်ခြိုက်သဘောကျပြီး စက်ရုပ်တစ်ရုပ်တီထွင်နိုင်ဖို့အမြဲကြိုးစားနေခဲ့တာဖြစ်ပါတယ်။ ၁၉၈၆ ကနေစပြီးဦးကြည်နှင့်သူ့ရဲ့တပည့်တွေဟာကျောင်းဆင်းချိန်ရောက်တိုင်း စက်ရုပ်ကိုစတင်ဖန်တီးခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=311,h=162,q=100/49/49e8cfae7a754e102f4de2010680f603332bdfab.jpg

အားလုံးရဲ့ကြိုးပမ်းမှုကြောင့် ခြောက်လအကြာမှာစက်ရုပ်တစ်ရုပ်ကိုအောင်မြင်စွာနှင့်ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီစက်ရုပ်ဟာ လမ်းလျှောက်တာ လက်လွှဲတာတွေကိုသေချာလုပ်ဆောင်နိုင်ပြီးတော့ လူတွေလုပ်ဖို့အန္တရာယ်များတဲ့ ကားဆေးမှုတ်လုပ်ငန်းအတွက်ရည်ရွယ်ပြီးဖန်တီးထားတာဖြစ်ပါတယ်။ နဂိုရည်ရွယ်ချက်အတိုင်းစက်ရုပ်ဟာ ကားဆေးမှုတ်တာကိုလူသားတွေထက်ပိုအဆင်ချောအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

မြန်မာ့ပထမဆုံးစက်ရုပ်
မြန်မာ့ပထမဆုံးစက်ရုပ်

ဦးကြည်ဟာ ဒီစက်ရုပ်ဖန်တီးမှုအပြင် လူသားတွေနှင့်အပြန်အလှန်စကားပြောနိုင်တဲ့စက်ရုပ်နှင့် တစ်ခြားတီထွင်ဖန်တီးမှုအများကြီးကိုလည်းလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အစိုးရက စမ်းသပ်မှုတွေအတွက်အထောက်အပံ့များမရခြင်းနှင့် လုပ်ပိုင်ခွင့်များကန့်သတ်ခံရခြင်းတွေကြောင့် သူ့ရဲ့တီထွင်မှုလုပ်ငန်းတွေကိုနားလိုက်ရပါတော့တယ်။ လက်ရှိအချိန်မှာတော့ ဆရာရဲ့တီထွင်မှုတွေကိုပြခန်းမှန်ဘောင်တွေထဲမှာပဲတွေ့နိုင်ပါတော့တယ်။

ဆရာ့အကြောင်းသတင်းဆောင်းပါး
ဆရာ့အကြောင်းသတင်းဆောင်းပါး

သတင်း အရင်းအမြစ် www.burma-travels.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T