Basketball ကစားနည်းကိုဘယ်သူတီထွင်ခဲ့တာလဲ?

//s9.kh1.co/a8/a85d6275f805ef87a77bb8aa72caff34a37b8abb.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-မေ-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

လူကြိုက်အများဆုံးအားကစားနည်းဖြစ်တဲ့ ဘတ်စကတ်ဘောရဲ့သမိုင်းကြောင်း

ဘောလုံးအားကစားပြီးရင် ဒုတိယလူကြိုက်အများဆုံးလို့ပြောနိုင်တဲ့ ဒီဘတ်စကတ်ဘောကစားနည်းကို ၁၈၉၁ မှာ James Naismith ဆိုတဲ့သူကပထမဆုံးဖန်တီးခဲ့တာပါ။ သူဟာ သူတာဝန်ထမ်းဆောင်တဲ့ကျောင်းကကျောင်းအုပ်ဆရာကြီးရဲ့အကြံပေးချက်အရ အိမ်တွင်းမှာပဲကလေးတွေလှုပ်ရှားပြီးဆော့လို့ရတဲ့ ဒီအားကစားကိုတီထွင်ခဲ့တာပါ။ 

 James Naismith နှင့် ပထမဦးဆုံးသောဘတ်စကတ်ဘောခြင်းနှင့်ဘောလုံး
 James Naismith နှင့် ပထမဦးဆုံးသောဘတ်စကတ်ဘောခြင်းနှင့်ဘောလုံး

James ကဒီကစားနည်းကို ဘောလုံး၊ ဟော်ကီနှင့်အမေရိကန်ဘောလုံးအားကစားနည်းတွေကိုမှီငြမ်းပြီး အားကစားအသစ်တစ်ခုဖန်တီးခဲ့တာပါ။ ဆောင်းရာသီလိုနှင်းတွေကြောင့်အန္တရာယ်များတတ်တဲ့ကာလမှာ ကလေးတွေအတွင်းမှာပဲလှုပ်ရှားပြီးဆော့ဖို့ဆိုတဲ့ရည်ရွယ်ချက်နှင့်စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ အစောပိုင်းဘတ်စကတ်ဘောကစားနည်းမှာ တစ်ဖက်အသင်းမှာလူကိုးယောက်စီနှင့်စုစုပေါင်း၁၈ယောက်ပါဝင်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=469,q=100/03/03ab753e1e188bd624983a3fe69ac1c95c23668c.jpeg

ဒီအားကစားနည်းရဲ့အစောပိုင်းအခြေခံစည်းမျဥ်းတွေကတော့ တစ်ဖက်လူကိုထိတွေ့တာကိုအဓိကကန့်သတ်ပြီး ဘောလုံးကိုပိုက်ထားပြီးပြေးတာ လမ်းလျှောက်တာမျိူးကိုခွင့်မပြုတာပဲဖြစ်ပါတယ်။ အခုချိန်မှာလည်း ဒီစည်းမျဥ်းတွေကအရေးကြီးနေဆဲဖြစ်ပါတယ်။ James ဟာသူ့ကစားနည်းရဲ့ကစားသမားဦးထုပ်တီထွင်မှုအတွက်လည်း မှတ်တမ်းတင်ခံရပါသေးတယ်။ 

https://s9.kh1.co/__image/w=650,h=869,q=100/56/564980a37f455597f40b2ee4c2a5fd83bdb3d60c.webp
https://s9.kh1.co/__image/w=150,h=250,q=100/b0/b0173e8e2411d03ba0e99767da0224bf29bc6c29.jpg

အမေရိက မက်ဆာချူးဆက်မြို့မှာလည်း James အမှတ်တရအဆောက်အအုံတစ်ခုရှိပါတယ်။ ကျောင်းတွင်းက ကလေးတွေအတွက်ပဲရည်ရွယ်ပြီး တီထွင်ခဲ့တဲ့ဘတ်စကတ်ဘောကစားနည်းကတော့အခုဆိုရင် ကမ္ဘာတစ်ဝှမ်းလူတွေအကြိုက်တွေ့ကြတဲ့ကစားနည်းတစ်ခုဖြစ်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/32/3292bf599801b4d9c1be4407c25fdc6d88f4c277.jpg

သတင်း အရင်းအမြစ် thoughtco.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T